Part 20

3.1K 181 18
                                    

Unicode

"ပင်ပန်းလိုက်တာ .. "

ညီသုတက စာကြည့်စားပွဲရှေ့က ထကာ ကုတင်ဘေး ကြမ်းပြင်က အမွှေးပွအခင်းပေါ် ထိုင်ချလိုက်တော့ ကျွန်တော် ကုတင်ပေါ်လှဲနေရာကနေ ထပြီး ကုတင်အစွန်းမှာ လာထိုင်လိုက်သည်။ ညီသုတက ကြမ်းပေါ်မှာ ထိုင်နေရင်းပဲ  ကျွန်တော့် ပေါင်ပေါ် ခေါင်းမှီပြီး လာအိပ်သည်။

"ဒီမှာ လာလှဲလေ .."

"ရတယ် .. ငါ ဒီတိုင်းလေးပဲ ခနနားချင်လို့ .."

ညီသုတဆံပင်တွေကို ခပ်ဖွဖွသပ်ပေးနေရာက နဖူးနားကို စမ်းမိတော့ ကိုယ်ငွေ့က သာမန်ထက် ပိုနွေးနေသည်။

"ကိုယ်ပူနေသလိုပဲ .. နေမကောင်းဘူးလား"

ပြောရင်း နဖူးနဲ့ ပါးကိုစမ်းကြည့်တော့ တကယ်ပဲ ကိုယ်ပူနေတာ ဖြစ်သည်။

"ဟုတ်တယ် .. ကိုယ်ငွေ့ရှိနေတာပဲ၊ ငါ .. အဖျားတိုင်းပေးမယ်"

အဲကွန်းကို လှမ်းပိတ်လိုက်ပြီး ထဖို့ပြင်လိုက်တော့ ညီသုတက ပေါင်ပေါ်လှဲအိပ်နေတာကို ထမပေးဘဲ ..

"ဟုတ်တယ် .. ငါဖျားနေတာ၊ တိုင်းမနေနဲ့တော့ ရတယ်၊ ခနလှဲနေဦးမယ်"

"အဲ့ဒါကို ရောက်ထဲကမပြောဘဲနဲ့ အဲကွန်းထဲအကြာကြီးနေနေတယ်"

ကျွန်တော် အပြစ်တင်သလိုပြောတာကို သဘောကျပြီး ရယ်နေသေးသည်။

"မနေ့က မိုးချုပ်မှ ရေချိုးလိုက်မိလို့ .. မနက်လောက်ကျ သက်သာသွားလိမ့်မယ်"

ပြောရင်း ချောင်းဆိုးနေတဲ့ ညီသုတကိုကြည့်ကာ ရောက်ထဲက ခနခနချောင်းဆိုးနေတာကို သတိထားမိသည်။

"ဆေးခန်းသွားပြီးပြီလား .."

"သွားစရာမလိုပါဘူး .. ကိုယ်နဲနဲပူရုံပဲကို"

"သွားလိုက်ပါ .. အဖျားကမလိုအပ်ဘဲ ရက်ကြာသွားဦးမယ်၊ ဒီရက်ထဲ ပင်ပန်းတာတွေလည်း ဆက်တိုက်ဖြစ်နေတာ"

"စိတ်ပူလို့လား .. ငါ့ကို"

ပေါင်ပေါ်မှာ မှီအိပ်ထားရင်း ပြောနေတဲ့ ညီသုတကို ငုံ့ကြည့်ကာ ကျွန်တော် ရယ်လိုက်သည်။ ဘာမှပြန်မဖြေတော့ မကျေမနပ်နဲ့တစ်ချက်မော့ကြည့်ပြီး ပြန်အိပ်နေသည်။ ကျွန်တော့်ပေါင်ပေါ် တိုက်ရိုက်ထိနေတဲ့ ညီသုတလက်က ထိထားတာကြာလို့ထင်သည်။ ပိုပူလာသလို။

Love & HurtHikayelerin yaşadığı yer. Şimdi keşfedin