Part 14

3.3K 175 10
                                    

Unicode

အိပ်ရာကနိုးနိုးချင်း ကုတင်ပေါ်က မထသေးဘဲ ညကအဖြစ်အပျက်ကို ပြန်တွေးနေမိသည်။ ညက တကယ်ပဲညီသုတရောက်လာခဲ့တာလား၊ ဒါမှမဟုတ် ဆိုင်ကနေအပြန် ခေါင်းကိုက်လို့ တခါထဲ တန်းပြီးအိပ်ပျော်သွားရင်း မက်တဲ့ အိပ်မက်လား ဆိုတာ စဉ်းစားနေမိသည်။ အိပ်မက်ဆိုရင်ရော "တကယ်သာဖြစ်ရင် သိပ်ကောင်းမှာပဲ" လို့ ကျွန်တော်ပြောမိမှာလား။ ဒါမှမဟုတ် တကယ်ဆိုရင်ရော ကျွန်တော် ဘယ်လိုဆုံးဖြတ်ရမှာလဲ။

စားပွဲပေါ်က ဖုန်းရဲ့ vibration ကြောင့် ယူကြည့်မိတော့၊ ညီသုတဆီက Text Message တစ်စောင် ၀င်နေသည်။

"မင်း ဖုန်းဆက်လာမှာကို စောင့်နေတယ်နော်" တဲ့။

ကျွန်တော် ကုတင်ပေါ်မှာ ထထိုင်မိလိုက်သည်။ ဒါဆို တကယ်ပေါ့။
ညီသုတကို တကယ်ပဲ ကျွန်တော်နဲ့အနီးဆုံးမှာ ခေါ်ထားသင့်ရဲ့လားဆိုတာ အခု ဆုံးဖြတ်ရတော့မည်။ ခြောက်တန်းနှစ်မှာ ကျွန်တော်နဲ့ပေါင်းဖြစ်တဲ့ တစ်ဦးတည်းသော သူငယ်ချင်း၊ ကျွန်တော့်အပေါ် အနစ်နာခံပေးတတ်ဆုံးလို့ သတ်မှတ်မိပြီး ကျွန်တော် ယုံကြည်အားကိုးမိတဲ့သူငယ်ချင်း ဘာဖြစ်သွားသလဲဆိုတာ အခုချိန်ထိ ကျွန်တော်မမေ့သေးပါ။ မိဘနှစ်ပါးလုံး Car Accident နဲ့ ဆုံးပါးသွားချိန်၊ မိဘတွေရဲ့ရုပ်အလောင်းကို မီဖို့ ရန်ကုန်ကနေ နယ်ကိုလိုက်အသွား လမ်းမှာ Accident ဖြစ်ပြီး၊ ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရသည်။

အဲ့ဒီအဖြစ်အပျက်က တိုက်ဆိုင်တာပါလို့ ကျွန်တော် ဘယ်လိုမှ လက်ခံယုံကြည်လို့မရတဲ့ အဖြစ်အပျက်ဆိုးကြီးတစ်ခုပါ။ အဲ့ဒီသူငယ်ချင်းဟာ ကျွန်တော့်ကြောင့်နဲ့ စက်ဘီးမှောက်တယ်၊ အပင်ပေါ်က ပြုတ်ကျတယ် စတဲ့ accident သေးသေးလေးတွေ မကြာခနဖြစ်ခဲ့ပေမယ့် ကျွန်တော်လုံး၀ကို သတိမထားမိခဲ့ပါ။ ကလေးဘ၀မှာကြုံခဲ့ရတဲ့အရာမို့ အမြဲတမ်းပြန်တွေးပြီး နာကျင်မနေရပေမဲ့ တခါတရံမှာ အိပ်မက်ဆိုး တစ်ခုလိုပဲ ပြန်မြင်ယောင်နေမိဆဲ ဖြစ်သည်။ ကျွန်တော် အဲ့ဒီနောက်ပိုင်း ဘယ်သူနဲ့မှ မခင်ချင်တော့သလို တကယ်လည်း လူတွေနဲ့ဝေးရာမှာ ရှောင်နေတတ်လာခဲ့သည်။

Love & HurtWhere stories live. Discover now