Unicode
စာကြည့်စားပွဲမှာ ထိုင်ရင်း note စာအုပ်လေးကို ဖွင့်ကြည့်နေမိသည်။
"May 22 , 2022"
လာမဲ့ ၂၂ ရက်နေ့ဆိုရင် ညီသုတနဲ့စတွေ့ခဲ့တာ တစ်နှစ်ပြည့်ပြီ။ စာအုပ်လေးကို အံဆွဲထဲပြန်သိမ်းလိုက်ပြီး ခုံပေါ်မှောက်အိပ်လိုက်သည်။ တစ်နှစ်အတွင်းမှာ ညီသုတကြောင့် ပျော်ခဲ့ရတာတွေချည်းပါပဲ။ ကျွန်တော့်ဘ၀ရဲ့ပထမဆုံးကံကောင်းမှုလေးဟာ ညီသုတအောင်ပါ။ ကျွန်တော့်အနားမှာရှိနေပေးလို့အဆင်ပြေတယ်ဆိုတာကို သိစေခဲ့တဲ့ ပထမဆုံးသက်ရှိလေးပေါ့။
ဒါပေမယ့်လည်း ကျွန်တော်ဟာ ကျွန်တော်ပဲဖြစ်နေတော့ ပျော်ရွှင်မှုဟာ တစ်နှစ်နဲ့ သက်တမ်းကုန်ပြီ ထင်ပါရဲ့။ မကြာခင် ညီသုတအနားကနေ ထွက်သွားရတော့မယ်လေ။ ညီသုတ ထွက်သွားရင် ကျန်နေခဲ့ဖို့ အဆင်သင့်မဖြစ်သေးခင်မှာပဲ ကျွန်တော်က အရင်ထွက်သွားရမဲ့သူ ဖြစ်နေခဲ့သည်။
ပြီးရင် ညီသုတက ကျောင်းသွားတက်မည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ချောင်တစ်ချောင်မှာ ကပ်နေရင်း၊ ဆက်ပြီးအသက်ရှင်သွားရုံပေါ့။ ရန်ကုန်ပဲဖြစ်ဖြစ်၊ မန္တလေးပဲဖြစ်ဖြစ် ကျွန်တော်ဟာ အခန်းလေးတစ်ခန်းထဲမှာပဲ ငြိမ်ငြိမ်လေးရှိနေမှာမို့ အဆင်ပြေပါသည်။ အရင်နဲ့မတူတာတစ်ခုကတော့ ကျွန်တော်ချစ်ရတဲ့သူက UK မှာ ကျောင်းတက်နေတယ်ဆိုတာကို ဂုဏ်ယူစွာသိနေတဲ့ အသိတစ်ခုပေါ့။
Ring .. Ring .. Ring
"Hello .."
"မင်း သင်တန်းမလာဘူးဆို .."
"အင်း .. ငါ online ပြောင်းလိုက်တယ်"
ညီသုတ ဘာမှဆက်မပြောဘဲ ခနတိတ်ဆိတ်သွားသည်။
"ငါ့ဆီ ဖုန်းတောင် မဆက်ဘူးနော်၊ ငါ့ကို သတိရရဲ့လား"
"မင်း အလုပ်တွေရှုပ်နေမှာသိလို့လေ၊ ကျောင်းကိစ္စတွေ အဆင်ပြေလား"
"မပြေဘူး .."
ကျွန်တော် ဘာမှ ပြန်မပြောမိပါ။ အခုအခြေအနေလေးအတိုင်းပဲ ငြိမ်ငြိမ်နေလိုက်ရင်း နောက် ငါးလလောက်ကို ဖြတ်ကျော်လိုက်ရင် ပြီးပြီ မဟုတ်လား။ ညီသုတ ဟိုရောက်သွားတဲ့အခါ အရာရာက သူ့ဟာနဲ့သူ နေသားတကျ ဖြစ်သွားမှာပါပဲ။
YOU ARE READING
Love & Hurt
Romanceချစ်ခြင်းနဲ့ထပ်တူ နာကျင်ရရင်တောင် လူတွေဟာ အဆုံးထိချစ်ကြတယ် .. တဲ့ ချစ်ခြင်းတရားဟာ နာကျင်မှုတွေကို သက်သာစေမယ် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပေါ့ ...