Part 8

4.3K 234 17
                                    

Unicode

ကျွန်တော် တကယ်ပဲပြောပြလိုက်ရမှာလား။ "ငါနဲ့ ရင်းနှီးတဲ့အရာ၊ ငါ ချစ်ခင်မိတဲ့အရာတွေက ပျက်စီးသွားတတ်တယ်" လို့လေ။ အဖေနဲ့အမေတောင် နားထောင်မပေးချင်တဲ့ ကျွန်တော့်ရဲ့ ကြောင်တောင်တောင် ခံစားချက်တွေကို တစိမ်းတစ်ယောက်ကို ပြောပြဖို့ ကြိုးစားနေမိသည်။

"ဘာပဲဖြစ်ဖြစ် ငါ့ကိုပြောပြပါ"

ကျွန်တော့်ကို သေချာစိုက်ကြည့်ပြီးပြောနေတဲ့ ညီသုတအောင်ရဲ့ မျက်၀န်းတွေကတော့ တကယ်ကို လေးလေးနက်နက်ပါပဲ။ ငါမင်းကို ယုံတယ်နော်။ ဒီအကြောင်းအရာတွေ ပြောပြလိုက်တဲ့အခါ "Psycho ကောင်" လို့ ငါ့ကိုတွေးပြီး မလှောင်ဘူး မဟုတ်လား။

"မင်း 2nd interview မပါခဲ့တာ ဘာလို့လဲသိလား"

"လိုအပ်ချက် တခုခုရှိလို့နေမှာပေါ့"

"အဲ့ဒါ ငါ့ကြောင့်"

ညီသုတအောင်ရဲ့ အံ့ဩသွားတဲ့ မျက်၀န်းတွေနဲ့အတူ ကျွန်တော့် နှလုံးခုန်သံကလည်း မြန်လာသည်။ ကျွန်တော်ဘာကိုကြောက်နေမိလဲ ကိုယ့်ကိုကိုယ်မသိ။ ဒီအကြောင်းအရာတွေကို တစ်ယောက်ယောက်ကိုပြောပြဖို့ ဘယ်တုန်းကမှ မတွေးဖူးပါ။

"ဘာလို့လဲ"

"ငါနဲ့လာပတ်သတ်တဲ့အရာတွေ၊ ငါခင်တွယ်လိုက်မိတဲ့အရာတွေက ပျက်စီးမှု တစ်ခုမဟုတ်တစ်ခု ဖြစ်နေကျ"

"ဟမ်"

ညီသုတ တအံ့တဩနဲ့ ငါးစက္ကန့်လောက်ငြိမ်နေပြီးမှ -

"မဟုတ်တာ မင်းကလဲ"

"ငါပြောသားပဲ၊ မင်းနားလည်မှာ မဟုတ်ဘူး လို့"

"ငါနားမလည်တာ မဟုတ်ဘူး၊ မင်း ဒီလောက်ပြောလိုက်တာနဲ့တင် ငါသိပါတယ်၊ မင်းနဲ့ပတ်သတ်ရင် အဲ့လိုထိခိုက်ပျက်စီးရမယ်လို့ မင်းကထင်နေတယ်၊ ငါ interview မပါတာလဲ မင်းကြောင့် ကံဆိုးတာလို့ ထင်နေတယ်၊ အဲ့ဒါကြောင့် မင်း ငါနဲ့ဝေးဝေးနေဖို့ လုပ်နေတာ မလား"

"ငါ ထင်နေတာ မဟုတ်ဘူး"

"ဟုတ်ပြီ၊ ဘာလို့ အဲ့လို သေချာနေတာလဲ"

ကျွန်တော် အားလုံးပြောပြဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော့်ရဲ့ လူတွေနဲ့ တဖြည်းဖြည်းဝေးကွာလာတဲ့ အခြေအနေကို ညီသုတက တခနအတွင်းမှာပဲ နားလည်ခဲ့သည်။ ကျွန်တော် မျှော်လင့်ခဲ့တဲ့အတိုင်းပဲ ကျွန်တော့်ကို မလှောင်ပါ။ ကျွန်တော့်စကားတွေ အဆုံးမှာ ညီသုတ တချက်စဉ်းစားပြီး ပြောလာသည်။

Love & HurtWhere stories live. Discover now