Unicode
"တောက် .. ရှက်ဖို့ကောင်းလိုက်တာ"
ဧည့်ခန်းထဲမှာ ဖေဖေ့ရဲ့ဒေါသသံဟာ ဟိန်းထွက်နေသည်။ မေမေကတော့ ဆိုဖာထောင့်မှာ ထိုင်ကာ စိတ်ပျက်နေတဲ့ပုံနဲ့ ဘာမှတော့ ၀င်မပြောပါ။ ခေါင်းငုံ့ကာ ထိုင်နေရင်း ကျွန်တော် ဘာတစ်ခွန်းမှ ပြန်မဖြေမိ။ ပြန်ဖြေစရာလည်း မလိုဟု ထင်သည်။ ဖေဖေတို့ရဲ့ အသိုင်းအဝိုင်းဆိုတဲ့ နေရာကြီးကနေ ကြားလာခဲ့ပြီးပြီပဲလေ။
"ငါတို့ကို ပတ်၀န်းကျင်မှာ မျက်နှာပါမပြရဲအောင် တစ်ခါထဲကို ကျေးဇူးဆပ်လိုက်တာပေါ့၊ မင်း မရှက်ဘူးလား ကောင်းဆက်ရှိန်"
ဖေဖေတို့ လက်မခံနိုင်တာကို နားလည်ပေမယ့် ကျွန်တော်ကတော့ ဒါဟာ ရှက်စရာကိစ္စလို့ မထင်မိပါ။ ထို့ကြောင့်ပဲ တစ်ချက် မော့ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဘာကို ရှက်ရမှာလဲ ဖေဖေ"
"ဘာ .. ၊ တောက် .."
ဝောာက်ခေါက်သံအဆုံးမှာ မြောက်တက်လာတဲ့ ဖေဖေ့ရဲ့လက်နဲ့အတူ ကျွန်တော် ထိုင်နေရာကနေ ဆိုဖာပေါ်ယိုင်ကျသွားသည်။ မျက်နှာတစ်ခြမ်းက ပူခနဲဖြစ်သွားပေမယ့် ကျွန်တော် ချက်ချင်းပဲ ပြန်ထလိုက်သည်။ အင်္ကျီရင်ဘတ်ကနေကနေ ဆောင့်ဆွဲပြီး နောက်ထပ်ရိုက်လိုက်တဲ့အချိန်မှာ ဆိုဖာနဲ့ စားပွဲကြားထဲကို ကျွန်တော် လဲကျသွားသည်။ ပြန်ထဖို့ အလုပ်မှာ မျက်ခုံးထောင့်နားက စီးကျလာတဲ့ အရာကို လက်နဲ့အုပ်ရင်း ပြန်ကြည့်လိုက်တော့ .. သွေးတွေ။
စားပွဲခုံစောင်းနဲ့ ဆောင့်မိသွားတာ ဖြစ်သည်။ သွေးပူနေတုန်းမို့ ပူခနဲဖြစ်သွားတာကလွဲလို့ သိပ်မနာသေး။ စားပွဲကို လက်နဲ့ထောက်ကာ အားယူရင်း ပြန်ထဖို့ပဲ ကြိုးစားလိုက်သည်။ ကျွန်တော် အရိုက်ခံလိုက်လို့ အခုဖြစ်နေတဲ့ကိစ္စတွေ အဆုံးသတ်သွားမယ်ဆို ဖေဖေကျေနပ်တဲ့အထိ အရိုက်ပဲ
ခံလိုက်ပါမည်။"အမလေး .. သွေးတွေ"
မျက်နှာပေါ်ထိ စီးကျလာတဲ့ သွေးတွေကိုမြင်မှ မေမေ ထိုင်နေရာကနေ ကျွန်တော့်နား ရောက်လာသည်။
"မင်း နိုင်အောင်မဆုံးမနိုင်ရင် ဖယ်နေ"
"အဲ့လိုမလုပ်ပါနဲ့ .. "
YOU ARE READING
Love & Hurt
Romanceချစ်ခြင်းနဲ့ထပ်တူ နာကျင်ရရင်တောင် လူတွေဟာ အဆုံးထိချစ်ကြတယ် .. တဲ့ ချစ်ခြင်းတရားဟာ နာကျင်မှုတွေကို သက်သာစေမယ် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပေါ့ ...