လူလိမ်မင်းကြီး

Start from the beginning
                                    

"မင်းကြီးက.....တိုင်းရေးပြည်ရာ​တွနဲခေါင်းရှုပ်နေရတာတေကိုသိပါတယ်......ဒါမဲ့....မိဖုရား၄ပါးလုံးကို ပစ်ထားပြီးကိုယ်လုပ်တော်ကိုပဲအချိန်ပေးနေတာကတော့သိပ်လွန်တာပေါ့လို့ ဟင့်!!!"

"ကောင်းပြီ ဒီနေ့ကိုယ်တော်မင်းနဲ့ရှိနေပေးမယ်"

ဒေဝီမိဖုရားသူလိုချင်တဲ့အဖြေကိုကြားရသည်နှင်ကျေနပ်ပြုံးကြီးပြုံးကာ သူ့ကြံတွေစတင်အကောင်ထည်ဖော်တော့မည်ဖြစ်သည်။ဒါကိုသာမင်းကြီးသိခဲ့လျှင်.......

"မင်းကြီး သောက်ပါဦး"

ရှောင်းကျန့်သူ့ကို ကမ်းပေးလာတဲ့ ဒေဝီမိဖုရားဟုန်အာ ရဲ့လက်ထဲကခွက်ကိုကြည့်ကာမယုံသင်္ကါ မျက်လုံးများနှင့် ဟုန်အာ့ကိုထပ်မံကြည့်လိုက်ပြန်သည်။

"အာ....လဘ္ဘက်ရည်ပါမင်းကြီး"

"အင်း"

ရှောင်းကျန့် ဟုန်အာ့လက်ထဲမှ လဘ္ဘက်ရည်ကြမ်းခွက်ကိုယူကာ တစ်ငုံမော့သောက်လိုက်သည်။ခပ်သင်းသင်းရနံံ့လေးနှင့်အနည်းငယ်ချိုသောလဘ္ဘက်ရည်မှာသောက်ပြီးရင်းသောက်ချင်စရာပင်။

"ကျွန်မအဖေ မြောက်ပိုင်းကိုခရီးထွက်တုန်းကပါလာတာလေ.....ဒေသထွက်ကုန်ဖြစ်ပြီးသိပ်ဈေးကြီးတာတဲ့ အဲ့ဒါကြောင့် မင်းကြီးနဲ့အတူသောက်ချင်တာမို့အပူကပ်လိုက်ရတာ စိတ်မခုဘူးမလား"

"အင်း"

ဟုန်အာတစ်ယောက်အင်းတစ်လုံးကိုယ်တော်မင်းကြီးကိုကြည့်ကာသက်ပြင်းခပ်ဖွဖွချမိသည်။ဒီမင်းကြီးကိုတစ်နိုင်ငံလုံးကြောက်တာလဲမဆိုနှင့် မျက်နှာတည်ကြီးနှင့် စကားပင်လေးလုံးကွဲအောင်မဆိုပေ

ထိုသို့နှင့် တိုင်းရေးပြည်ရာစကားအချို့ပြောရင် စာအုပ်စာကေတွေအကြောင်းပြောရင်း ဂီတအနုပညာတွေအကြောင်းဆွေးနွေးရင်း မင်းကြီးရဲ့မျက်လုံးလှလှလေးတွေမှေးကျဉ်းကာအိပ်ပျော်သွားပြီဖြစ်သည်။

"ဝင်လာတော့"

အခန်းတွင်းမှဒေဝီမိဖုရား၏အမိန့်သံကြားသည်
နှင့်အနက်ရောင်ဝတ်ရုံအပြည့်ဝတ်ထားသောမိန်းမတစ်ယောက်ချက်ချင်းဝင်လာကာ ပုလင်းအငယ်လေးတစ်လုံးကမ်းပေးလာသည်။

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now