ကုမျန်ရဲ့မိတ်ကပ်ဓာတ်ပုံတွေကို တရားဝင်ဘလော့ဂ်မှာ ထုတ်ပြန်ခဲ့တယ်။ အဲ့ဒီနေ့ညနေမှာပဲ ၀မ့်ရှားက ဖြောင့်မှန်ပုံရပေမယ့် အမှန်တကယ်မှာတော့ ဆိုးရွားတဲ့ရည်ရွယ်ချက်တွေ ရှိနေတဲ့ အင်တာဗျူးတစ်ခုဖြေခဲ့တယ်။ရည်ရွယ်ချက်ကတော့ ခန့်မှန်းရမခက်လှဘူး။

ဇာတ်ကောင်ပြောင်းလဲမှုမုန်တိုင်းကို ရှေ့ခြေတစ်လှမ်းလောက် တွေ့ကြုံခံစားပြီးတာနဲ့တပြိုင်နက်၊ နောက်ခြေတစ်လှမ်းအဖြစ် တရားဝင်ဘလော့ဂ်က ကုမျန်ရဲ့မိတ်ကပ်ဓာတ်ပုံတွေကို အပ်ဒိတ်လုပ်ခဲ့တယ်လေ။

အဲ့ဒီအရာနှစ်ခုက ရှေ့ဆင့်နောက်ဆင့်ဖြစ်ပျက်ခဲ့တာ။ တမြေ့မြေ့တက်နေတဲ့ရေနွေးငွေ့တွေက ရှိနေတုန်းပဲ။ လူကြိုက်များစေဖို့အတွက် ကုမျန်ရဲ့မိတ်ကပ်ဓာတ်ပုံတွေကို တရားဝင်ထုတ်ပြန်ခဲ့တာ နားလည်ပေးနိုင်ပါတယ်။

ဒါပေမယ့် ၀မ့်ရှားက အဲဒီအချိန်မှာ ဝင်လာတယ်။ သူမက  သူမကိုယ်သူမစန်းတင်ရုံသာမက နားလည်ပေးတတ်သူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကိုလည်း အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့တယ်။ အရမ်းရောင်းရပြီး ပရိတ်သတ်တွေလည်း အများကြီးရခဲ့တယ်။ သူမက ဖြတ်သွားဖြတ်လာတွေဆီကနေ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေ ရရှိခဲ့ပြီး ကုမျန်ကတော့ အရမ်းမည်းနက်လာခဲ့တယ်။

ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်လိုက်တယ်လို့ ပြောလို့ရတယ်။

ကုမျန်နဲ့ ဒါရိုက်တာရဲ့အမြော်အမြင်အပေါ် သူမ ယုံကြည်ချက်ရှိရှိ ဖော်ပြနိုင်တဲ့အားလျော်စွာ ကျော်ကြားလှတဲ့ပန်းပွင့်လေး(ယင်းလျန်)မှာ ဇာတ်ကောင်လုယူခဲ့တဲ့ အခြားသူတစ်ယောက်(ကုမျန်)ကို ရင်ဆိုင်ဖို့ရာအတွက် သန်မာအားကောင်းတဲ့ ဆန့်ကျင်ဘက်သဘောထားရှိနေတယ်။(သေချာရှင်းပြရမယ်ဆိုရင် ယင်းလျန်က ဖြူစင်တဲ့ပုံရိပ်ရှိပြီး ကုမျန်ကတော့ ဇာတ်ကောင်လုယူထားတဲ့ စိတ်ထားဆိုးတဲ့သူမို့ ပုံရိပ်ချင်းဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောတာပါ)

၀မ့်ရှားလှုပ်ရှားမှုက ရက်စက်လွန်းလှတယ်။

ဒီအဖြစ်အပျက်ကြောင့် ကုမျန် ဖြတ်သွားဖြတ်လာအများအပြားရဲ့ ချစ်ခင်မှုကိုရယူဖို့က သံသယဖြစ်စရာမလိုအောင်ကို ကျရှုံးသွားတယ်။ ခေါင်းဆောင်နေရာအတွက် အပျက်သဘောဆောင်တဲ့ သတင်းတွေများလွန်းရင် ရိုက်ကူးရေးအဖွဲ့သားတွေကိုတောင် ထိခိုက်စေနိုင်တယ်။ အကယ်၍ ဒါက ရိုက်ကူးရေးအဖွဲ့သားတွေကို အမှန်တကယ် ထိခိုက်စေခဲ့မယ်ဆိုရင် သံသယဖြစ်စရာမလိုအောင်ကို အဖွဲ့ထဲကလူတွေက သူမကို ဖဲကြဉ်ထားမှာဖြစ်ပြီး ဒါရိုက်တာကတောင် သူမကို အရမ်းစိတ်မကျေမနပ်ဖြစ်နေလိမ့်မယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now