"မင်းကောင်မလေးက ၀မ့်ရှားဆီကနေ ယင်းလျန်ဇာတ်ကောင်ကို လုယူထားတယ်လို့ အင်တာနက်သုံးစွဲသူနဲ့ ၀မ့်ရှားရဲ့ပရိသတ်တော်တော်များများက ပြောနေကြတယ် အဲ့ဒါအမှန်ပဲလား"

လော့ချယ်က ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်ကာ လေ့သံဖျော့ဖျော့နဲ့ ပြောလာတယ်။"လော့ကျစ်ယွီ၊ မင်း ငါ့ကို ဘာလို့ စိတ်အနှောင့်အယှက် ဖြစ်စေရတာလဲ"

သူ့ဘေးကလူက သတင်းကိုဖတ်ဖို့ပဲ ရွေးချယ်လိုက်တယ်။

လော့ကျစ်ယွီက အသာအယာချောင်းဆိုးလိုက်ပြီး "ငါကလား အားချယ် မင်းရော မသိချင်ဘူးလား"

မင်းရဲ့ ကောင်မလေးက ဘယ်လိုဖြေလဲဆိုတာ မသိချင်ဘူးလား။

လော့ကျစ်ယွီက လော့ချယ်ကို လျစ်လျူရှုပြီး သူ့ဘာသာသူ ဆက်ဖတ်တယ်။

ကုမျန်ရဲ့အဖြေကို သူဖတ်လိုက်တဲ့အချိန်မှာတော့ လော့ကျစ်ယွီရဲ့အမူအရာက တွန့်သွားတယ်။

ဒါက အလွန့်အလွန်ထူးဆန်းပုံပေါက်တယ်။

ကုမျန်က သတင်းထောက်ကို တကယ်ကြီး ဟုတ်တယ်လို့ ဖြေလိုက်တယ်။

ဟုတ်တယ်လား?

ဟုတ်တယ်!

ဒီကောင်မလေးက တကယ်ရိုးသားလွန်းတယ်။ သူမ စိတ်ရှုပ်ထွေးနေတာလား?

လော့ကျစ်ယွီက စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး သူ့မျက်နှာအမူအရာကို ထိန်းချုပ်လိုက်ပြီးနောက် ဆက်ဖတ်တယ်။ "သူမက ၀မ့်ရှားရဲ့ဇာတ်ကောင်ကို နာမည်ကြီးဖို့မဟုတ်ဘဲ လော့ချယ်အတွက် လုယူခဲ့တာပါလို့ ကုမျန်ကပြောတယ်တဲ့"

လော့ကျစ်ယွီက မရယ်မောပဲမနေနိုင်တော့ဘူး။ "အားချယ် မင်းကောင်မလေးက အရမ်းတော်တယ်လို့ ငါပြောလိုက်မယ်"

ဒုက္ခဖြစ်စေနိုင်တဲ့စွမ်းရည်က ကြီးမားပြီး ဝန်ခံတဲ့စွမ်းရည်ကလည်း ပိုကောင်းလာတယ်။ ချစ်ခြင်းအရိပ်လေးတောင် တိတ်တဆိတ်ရှိနေသေးတယ်။

ဇာတ်လမ်းတွဲမရိုက်ကူးခင်ညမှာ အမျိုးသမီးဇာတ်ဆောင် ရုတ်တရက်ပြောင်းလဲသွားတာကြောင့် ဒီအဖြစ်အပျက်မှာ လှည့်ကွက်မရှိဘူးဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စက လူတွေရဲ့ အာရုံကို ဖမ်းစားသွားတယ်။ ဖျော်ဖြေရေးနယ်ပယ်မှာရှိတဲ့လူတွေက ဒီကိစ္စကို အတော်အာရုံစိုက်နေကြတာ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now