Description

4K 322 6
                                    

မင်း ချောက်နက်ထဲကို စိုက်ကြည့်မယ်ဆိုရင်၊ ချောက်နက်ကလည်း မင်းကို ပြန်စိုက်
ကြည့်နေလိမ့်မယ်။】

အသူတစ်ရာ ချောက်နက်၊ ယနေ့ခေတ် လူသားမျိုးနွယ်တို့၏ အကြောက်ဆုံးအရာ။ အသူတစ်ရာချောက်နက်ကနေတစ်ဆင့် တိရိစ္ဆာန်များသည် မကောင်းဆိုးဝါးများအဖြစ် သန္ဓေပြောင်းသွားပြီး လူသားတွေကတော့ လမ်းလျှောက်နေသည့် အလောင်းကောင်များအဖြစ်သို့ လျော့ကျသွားသည်။

လုထင်းဟန်သည် ချောက်နက်စောင့်ကြည့်သူဖြစ်သည်။ သူသည် ကမ္ဘာ့ကြောက်စရာအကောင်းဆုံးဖြစ်သည့် ချောက်နက်ကို ဆယ်နှစ်ကြာအောင် စောင့်ကြပ်ခဲ့၏။

အဲ့ဒီ့ ချောက်နက်က ကြောက်စရာကောင်းရုံတင်မကပဲ အရမ်းလည်း ထူးဆန်းပေသည်။

အမှိုက်တစ်ထုပ်ကို ပစ်ချလိုက်သည်၊ ရက်အနည်းငယ် ကြာပြီးနောက် အမှိုက်ထုပ်က ချောက်နက်နံဘေးတွင် မြှပ်နှံခံထားရလိမ့်မည် - တစ်စုံတစ်ယောက်က ဂေါ်ပြားကိုယူ၊ မြေကြီးကိုကော်ကာ အမှိုက်ထုပ်ကို တစ်ညလုံးမြေမြှပ်ပေးခဲ့သလိုမျိုးနှင့်။

အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကို ပစ်ချလိုက်သည်၊ ရက်အနည်းငယ် ကြာပြီးနောက် စွန့်ပစ်ပစ္စည်းတွေက ပြင်းပြင်းထန်ထန် ဒေါသူပုန် ထခြင်းနှင့်အတူ ပြန်အပစ်ခံရမှာပဲ ဖြစ်သည်။

လုထင်းဟန် : ?

ဆယ်နှစ်ကြာပြီးနောက်၊ လုထင်းဟန်သည် ရာထူးမှနှုတ်ထွက်ပြီး မဟာမိတ်စစ်တပ် တွင် အငယ်ဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သည်။

နောက်တစ်နေ့မှာတော့ ချောက်နက်ကြီးဟာလည်း ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့သည်။

--- အရာအားလုံးက ပျောက်ကွယ်သွားခဲ့ပြီး ​ကန္တာရကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ကမ္ဘာလုံးက အံ့ဩထိတ်လန့်သွားကြလေသည်။

တစ်ရက်မှာ၊ လုထင်းဟန်၏ တံခါးပေါက်ကို လာခေါက်သည့် အသံတစ်သံရှိခဲ့သည်။

နတ်ဆိုးဦးချိုအသေးလေးနှင့် နူးညံ့သိမ်မွေ့သောအသွင်အပြင်၊ တောက်တောက်ပပ မျက်ဝန်းလေးများဖြင့် ကောင်လေးတစ်ယောက်သည် တံခါးပေါက်အဝတွင် မတ်တပ်ရပ်နေခဲ့သည်။ အသေအချာကို အဲ့ဒီ့ကောင်လေးက သေလောက်အောင် ကြောက်ရွံ့နေခဲ့ပေမယ့် သူ့ရဲ့ သတ္တိလေးကို စုစည်းပြီး အားတင်းကာ "မင်္ဂလာပါ၊ ကျွန်၊ ကျွန်တော်က ချောက်နက်လေးပါ၊ ခင်ဗျား ကျွန်တော့်ကို ဆက်ပြီး စိုက်ကြည့်နေပေးလို့မရဘူးလား? QAQ"

သူကထပ်ပြီး "အိုး၊ ကျွန်တော်က နေ့တိုင်းနေ့တိုင်း ခင်ဗျားကို ကူညီပြီး အမှိုက်အိတ်တွေကို မြှပ်ပေးတယ်လေ"

သူတို့နှစ်ယောက် အချိန်အကြာကြီး အတူနေထိုင်ပြီးသည့်နောက်တွင်တော့ လုထင်းဟန့် သင်ကြားခဲ့ရသည့် အရာနှစ်ခုရှိသည်။

၁။ မင်းရဲ့ချောက်နက်လေးကို နေ့တိုင်းစိုက်ကြည့်ပေးလျှင် ချောက်နက်လေးက ပျော်ရွှင်နေပေလိမ့်မည်။

၂။ ချောက်နက်လေးပျော်နေသည့်အခါ မင်းကို ကျေနပ်နေသည့် လည်ချောင်းသံလေးဖြင့် မြည်တမ်းပြပေလိမ့်မည်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now