အမှန်အတိုင်းပြောမယ့် ဒီလိုလူတစ်ယောက်က တကယ်ကြီးရှိသေးတာလား။

ဒါက... သတင်းထောက်က ဒီမိန်းက‌လေးကို ခဏလောက်တော့ လှုပ်နှိုးချင်သွားတယ်။ ကောင်မလေး၊ မင်း အဲဒီလိုမဖြေသင့်ဘူးလေ။ ပွင့်ပွင့်လင်းလင်း ဝန်ခံမယ့်အစား 'မဟုတ်ဘူး၊ ငါမလုပ်ပါဘူး၊ ငါ့ကို အပြစ်မတင်ကြနဲ့' လို့ ဖြေသင့်တာ။

သတင်းထောက်က ဘာမေးရမှန်းမသိဖြစ်သွားတယ်။ ဒီမိန်းကလေးက လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ဘူးပဲ။

သူမက နာမည်မကြီးချင်တာလား ဒါမှမဟုတ် ဖျော်ဖြေရေးနယ်ပယ်ထဲ မ၀င်ချင်တာလား။

သူမရဲ့သေတွင်းကို သူမက ဒီနည်းလမ်းနဲ့ တူးလိုက်တယ်။

သူက အံ့အားသင့်စွာနဲ့ ပါးစပ်ဟလိုက်မိတယ်။"ဘာလို့လဲ၊ မင်းနာမည်မကြီးချင်ဘူးလား"

ကုမျန်က ခေါင်းခါလိုက်ပြီး အမှန်တရားကိုပြောပြလိုက်တယ်။"ကျွန်မ နာမည်ကြီးဖို့ လာတာမဟုတ်ဘူး၊ လော့ချယ်အတွက် လာခဲ့တာ"

မူလပိုင်ရှင်က သူမရဲ့အဖေကို သူမသရုပ်ဆောင်ဖို့ ဇာတ်ကောင်ယူပေးပါလို့ တောင်းဆိုခဲ့တာမဟုတ်ဘဲ လော့ချယ်နဲ့ ပိုအဆက်အသွယ်ရှိနိုင်ဖို့ရာအတွက်သာ တောင်းဆိုခဲ့တာပါ။

မူလပိုင်ရှင်က အမျိုးသားဇာတ်ဆောင်ကို သေလောက်တဲ့ထိ အမှန်တကယ်သဘောကျပေမယ့်လည်း မိန်းကလေးကုက သူ့မျက်နှာကိုသာနှစ်သက်ပြီး ဒီလိုမျိုး အလွယ်တကူထုတ်ဖော်ပြောဆိုဖို့ ငြင်းခဲ့တယ်။ သူမက အထက်တန်းကျတဲ့အသွင်အပြင်ကိုပဲ အမြဲပြသ‌လေ့ရှိတယ်။ ဒါပေမယ့် တကယ်တမ်းတော့ သူမက သူမရဲ့ချစ်သူနဲ့ နေ့တိုင်းအတူရှိချင်တာကြောင့် အမျိုးသမီးဇာတ်ဆောင်နေရာကို လုယူပြီး ဝေ့လည်ကြောင်ပတ်နိုင်တဲ့ နည်းဗျူဟာကို ရွေးချယ်ခဲ့တာဖြစ်တယ်။ ထိုနည်းလမ်းအားဖြင့် သူမနဲ့ အမျိုးသားခေါင်းဆောင်တို့က နေ့တိုင်း တူညီတဲ့ရိုက်ကူးရေးအဖွဲ့မှာ ရှိကြလိမ့်မယ်။ သူတို့မှာ သီးသန့်ချိန်းတွေ့ဖို့ အခွင့်အရေးမရှိဘူးလေ။

မူလပိုင်ရှင်အတွက်တော့ အမျိုးသားခေါင်းဆောင်ရဲ့မျက်နှာကို နေ့တိုင်းကြည့်ရှုနိုင်တာနဲ့တင် သူမကို ပျော်ရွှင်မှု တွေပြည့်လျှံစေနေပြီ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now