သူက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ပြတဲ့အနေနဲ့ သတင်းထောက်က သူ့လက်ကို အလျင်အမြန်ဝှေ့ယမ်းလိုက်ပြီး "ငါက ကုမျန်ကို မေးခွန်းနည်းနည်း အင်တာဗျူးချင်ရုံပါ"

ရှောင်ကျုးက အော်လိုက်တယ်။ "ထွက်သွား၊ ကျွန်မတို့ အင်တာဗျူးတွေ လက်မခံဘူး"

သူမက သတင်းထောက် ကုမျန်ကို ဘာမေးချင်တာလဲဆိုတာ သိတယ်။ ရှက်စရာကောင်းပြီး ဖြေရခက်တဲ့တစ်စုံတစ်ခုပဲ ဖြစ်ရမယ်။

အဲ့ဒီသတင်းထောက်တွေက လူကြိုက်များဖို့အတွက် ဘာမဆိုလုပ်ကြတယ်လေ။

သတင်းထောက်အတွက်တော့ အထဲခိုးဝင်ဖို့ဆိုတာ မလွယ်ကူခဲ့ဘူး။ သူ အကြိမ်ပေါင်းများစွာ ရှာတွေ့ခံရလုနီးပါးဖြစ်သွားဖူးတယ်။ အဆုံးမှာ သူအထဲမခိုး၀င်ခင် နည်းနည်းအလှမ်းဝေးတဲ့လမ်းကြောင်းကို သိခဲ့တယ်။

လမ်းလျှောက်၀င်လာရင်းနဲ့ မြွေကိုက်ခံရလုနီးပါးတောင် ဖြစ်သေးတယ်။ အကိုက်မခံလိုက်ရပေမယ့် လမ်းတစ်လျှောက်မှာ ခြင်တွေအကိုက်ခံရပြီး တော်တော် ဒုက္ခရောက်ခဲ့ရတာ။

ဒါကြောင့် သတင်းထောက်က သဘာ၀အတိုင်း မအောင်မြင်ဘဲ မပြန်ချင်ပေ။ သူက ရှောင်ကျူးကို ချော့ချင်ရုံပေမယ့် ကုမျန်က လက်ဦးမှုယူပြီး စကားပြောလာလိမ့်မယ်လို့ သူ မမျှော်လင့်မိခဲ့ဘူး။" ရှင် ကျွန်မကို ဘာမေးခွန်းမေးချင်တာလဲ"

သတင်းထောက်က အင်တာနက်အသုံးပြုသူတွေနဲ့ ၀မ့်ရှားရဲ့ပရိသတ်တွေ အသိချင်ဆုံးအရာကို မေးမြန်းဖို့ အမြန်အခွင့်အရေးယူလိုက်တယ်။

"မင်း ၀မ့်ရှားရဲ့ ဇာတ်ကောင်ကို တကယ်လုယူခဲ့တာလား"

ကုမျန်က ရိုးရိုးသားသား ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်" လို့ တွေးတောင်မတွေးဘဲ ပြန်ဖြေတယ်။

သူမဒီလိုဖြေလိုက်တဲ့အခါ ဘေးနားကရှောင်ကျူးသာမဟုတ်ပဲ မေးခွန်းမေးတဲ့ သတင်းထောက်လည်း လုံး၀ကိုအံ့ဩသွားတယ်။

ဒီခေတ်ကြီးမှာ ဒီလိုရိုးသားတဲ့ အနုပညာရှင်တွေရှိသေးတာလား။

ဒီလိုအရာမျိုးနဲ့ ကြုံရသူတိုင်းက သနားစရာကောင်းချင်ယောင်ဆောင်ပြီး သူမလုပ်ပါဘူးဆိုပြီး စိတ်သောကရောက်ချင်ယောင်ဆောင်တတ်ကြတယ်။ဒါက အင်တာနက်သုံးစွဲသူတွေ သူတို့ကို အထင်လွဲနေတာဖြစ်ရမယ်ပေါ့။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now