ချန်းရှီကွေ့၏ အမူအကျင့်အရ အင်တာဗျူးကို လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းထောက်ကြီး သိလိုက်သည်။ သို့နှင့် အသံဖမ်းစက်ကို ချန်းရှီကွေ့ဘက်သို့ ကမန်းကတန်း ထိုးပေးလိုက်ရင်း.. “မစ္စတာချန်း.. နဉ်ရှီ သရုပ်ဆောင်ထားတဲ့ The Unrivalled 2 ကို ကြည့်ပြီးပြီလား..? ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကတော့ နဉ်ရှီသရုပ်ဆောင်ထားတဲ့ ရဲမေအကြောင်း အကြီးအကျယ် ဆွေးနွေးနေကြပြီ.. မစ္စတာချန်းရော ဘယ်လိုထင်ပါသလဲ..?”

“ရှီရှီရဲ့ဇာတ်ကောင်ကို လူတိုင်းနှစ်သက်ကြတဲ့အတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ်.. ရှီရှီအတွက် ဂုဏ်ယူတယ်..” ချန်းရှီကွေ့၏ မျက်နှာထက်ဝယ် နွေးထွေးသော အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး.. “သူ(မ)နဲ့အတူ ရုပ်ရှင်ရုံမှာ သွားကြည့်ပြီးပါပြီ.. တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ..”

“အနုပညာလောကမှာ ရင်းနှီးမြှုပ်နှံဖို့ရော ရည်ရွယ်ထားလားဗျ..?” သတင်းထောက်က ဆက်မေးလိုက်သည်။

“မီဒီယာပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတချို့တော့ ရှိထားပြီးသားပါ.. ရုပ်ရှင်လောကလည်း ဒီထက်ပိုပြီး တိုးတက်လာဖို့ မျှော်လင့်မိပါတယ်..” ချန်းရှီကွေ့က ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်ရင်း လက်ကောက်ဝတ်ကိုကြည့်ကာ ထပ်ပြောလိုက်သည်။ “ဆောရီး.. လောလောဆယ် ကျွန်တော် အလုပ်ကိစ္စလေးရှိသေးလို့.. နောက်အခွင့်အရေးရရင် ခင်ဗျားရဲ့အင်တာဗျူးကို လက်ခံပေးပါ့မယ်..”

“မစ္စတာချန်း.. ဒါလေးတော့ မေးခွင့်ပြုပါ.. နောင်တချိန် နဉ်ရှီနဲ့လက်ထပ်ပြီးရင် သူ(မ)ကို အနုပညာအလုပ် ဆက်လုပ်ခွင့်ပေးဦးမှာလား..?” ထွက်သွားတော့မည့် ချန်းရှီကွေ့ကိုကြည့်ပြီး သတင်းထောက်က ကတိုက်ကရိုက် မေးလိုက်သည်။

ချန်းရှီကွေ့က ကားတံခါးကိုဖွင့်ရင်း သတင်းထောက်ကို ထပ်မံလှည့်ကြည့်လိုက်သည်။ “သူ(မ) သဘောကျနေသရွေ့ သူ(မ)ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ကျွန်တော် ထောက်ခံပေးနေမှာပါ..”

မေးခွန်းနည်းနည်းလေးဖြေပြီး ထွက်သွားသော ချန်းရှီကွေ့ကိုကြည့်ကာ အလုပ်သင်သတင်းထောက်လေး စိတ်ဓာတ်ကျသွားသည်။ “ဟူး.. ဒီတစ်ခေါက်လည်း ဘာမှသိပ်မမေးလိုက်ရဘူး..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now