အဘယ့်ကြောင့်ဆိုသော် သူ၏ အလုပ်အနေအထားနှင့် သူ၏ ချောမောလှပ၍ နူးညံ့သိမ်မွေ့လှသော ချစ်သူကြောင့် မန်နေဂျာ ရှုန်းသည် သူ့ကို အ​မြင်မကြည်လှပါ။

အန်းသုံသည် အလုပ်လုပ်ရာတွင် တိကျပြတ်သားလှပြီး၊ အမှားအယွင်း ပြုလုပ်မိသည်ဟူ၍လည်း သိပ်မရှိလှပါ။

ထို့ကြောင့် မန်နေဂျာရှုန်းသည် အန်းသုံအပေါ်တွင် တစ်စုံတစ်ခု ကြံစည်၍ မရနိုင်ဖြစ်နေလေသည်။

ယခုအချိန်တွင် အန်းသုံသည် အလုပ်ခွင့်ယူရန် တောင်းဆိုနေသောကြောင့် သူသည် ထို့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပါ။

"ခွင့်ယူမယ် ဟုတ်လား။ ဘာဖြစ်လို့ ခွင့်ယူချင်ရတာလဲ"။

အကယ်၍ ထိုကဲ့သို့ လေးလေးနက်နက် ဆုံးဖြတ်ချက်ချသူသည် အခြားသူတစ်ဦးသာ ဖြစ်မည်ဆိုလျှင် ဝေ့လည်ကြောင်ပတ်သာ ပြုလုပ်နေလိမ့်မည်ဖြစ်သည်။

အန်းသုံသည် ထက်မြတ်သူဖြစ်ပြီး သူ၏အဖေ အန်းချောင်ရှုန်း၏ ရိုးသားဖြောင့်မတ်မှုကို အမွေရထားသူဖြစ်သည်။

သူသည် ဘယ်တော့မှ လိမ်ညာမည့်သူ မဟုတ်ချေ။

"ကျွန်တော့် ညီမလေး အိမ်ပြန်ရောက်လာလို့ပါ"။

"မင်းညီမက အိမ်ပြန်ရောက်လာတယ်။ အရေးကြီးကိစ္စက ဘာများလဲလို့။ မင်းမိဘတွေ ဆုံးသွားတာ မဟုတ်ဘူးလား"။

မန်နေဂျာရှုန်းသည် ထိုသို့ပြောလိုက်ရင်း ပျော်ရွှင်နေလေသည်။

"မန်နေဂျာရှုန်း...ခင်ဗျား ဘယ်လိုတောင် ပြောလိုက်တာလဲ"။ အန်းသုံသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင်တွင် ဒေါသအရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေတော့သည်။

25 02

"အာ...တောင်းပန်ပါတယ်ကွာ။ ဒါပေမဲ့ ဒီကိစ္စကို ငါ ခွင့်ပြုပေးလို့မရဘူး။ ဒီနေ့တင်မဟုတ်ဘူး မနက်ဖြန်လည်း ခွင့်ပြုပေးလို့ မရဘူးကွ။ ငါတို့ကုမ္ပဏီက အခုတလော အလုပ်​များနေတယ်လေကွာ"။

မန်နေဂျာရှုန်းသည် သူ၏ ကြီးမားလှသော ဝမ်းဗိုက်ကြီးနှင့်အတူ သက်တောင့်သက်သာရှိလှသော သူဋ္ဌေး၏ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အန်းသုံကို ပြုံး၍ ကြည့်လိုက်သည်။ ထိုသို့ သူ၏ပုံစံသည် စိတ်ကသိကအောက်ဖြစ်စရာ ကောင်းလွန်းလှသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now