သတင်းထောက်များသည် သူ့နိုင်ငံသူပြန်သွားပြီဖြစ်သည့် နိုင်ငံခြားသားသရုပ်ဆောင်များကို အင်တာဗျူးရန် မဖြစ်နိုင်တော့သော်လည်း နဉ်ရှီကတော့ နိုင်ငံထဲတွင် ရှိနေသေးသည်။ သို့ဖြစ်ရာ သတင်းထောက်များလည်း သတင်းတင်ရန် ခေါင်းစဉ်ရှာနေကြပြီး ရုပ်ရှင်ထဲပါဝင်ခဲ့သည့် သရုပ်ဆောင်တစ်ဦးကို အင်တာဗျူးနိုင်ခဲ့သဖြင့် ဂုဏ်ယူနေကြတော့သည်။

တကယ်တမ်းတွင် ရုပ်ရှင်ဇာတ်ကွက်က သိပ်မထူးဆန်းပါချေ။ သို့သော် ဒါရိုက်တာက ရင်ခုန်စိတ်လှုပ်ရှားဖွယ် တိုက်ကွက်များ၊ ကားပြိုင်မောင်းပုံများဖြင့် ဇာတ်လမ်း၏အရှိန်ကို ဆွဲခေါ်သွားလေ၏။ တည်းဖြတ်သည့်အဖွဲ့ကလည်း Effect များသုံးကာ ဇာတ်လမ်းကို မြှင့်တင်နိုင်ခဲ့သဖြင့် ထိုရုပ်ရှင်သည် Box Office တွင် မျှော်လင့်ထားသည့်အတိုင်း ရလဒ်ကောင်းများစွာ ရရှိခဲ့သည်။ သို့သော် လူတိုင်းမထင်ထားသည်ကား နဉ်ရှီကဲ့သို့ တရုတ်မင်းသမီးတစ်ဦးကို အရေးကြီးဇာတ်ကောင်တစ်ခု ပေးအပ်ခဲ့ခြင်းပင်။ ရုပ်ရှင်ထဲမှ တရုတ်ရဲမေသည် ထက်မြက်ရုံသာမက တိုက်ခိုက်ရာတွင်လည်း အလွန်တော်သည်။ ထို့အပြင် ထိုဇာတ်ကောင်သည် ဇာတ်လိုက်များ၏ အရှိန်အဝါအောက် ဖုံးလွှမ်းခြင်းမခံရပေ။ နိုင်ငံခြားရုပ်ရှင်များတွင် ဤအတိုင်းအတာထိ နေရာပေးထားခြင်းက အတော်လေး ရှားပါးပေသည်။

ဤနှစ်များတွင် နိုင်ငံခြားရုပ်ရှင်တော်တော်များများ၌ တရုတ်ဈေးကွက်ကို ဆွဲဆောင်နိုင်ရန်အလို့ငှာ တရုတ်လူမျိုး၊ သို့မဟုတ် အာရှလူမျိုးများ ပါဝင်လာတတ်သည်။ သို့သော် ထိုသရုပ်ဆောင်များသည် ရုပ်လေးကြည့်ကောင်းရုံမှလွဲ၍ တရုတ်ပြည်နှင့် ဘာမှမပက်သက်ပါချေ။ တရုတ်လူမျိုးများအတွက် သူတို့၏ရုပ်ရည်၊ အကျင့်စရိုက်နှင့် လုံးဝမသက်ဆိုင်သည့် တရုတ်ကိုယ်စားပြု သရုပ်ဆောင်များကို ကြည့်ရှုရန် ငြီးငွေ့နေပြီဖြစ်သည်။

နောက်ဆုံးတော့ ယုံကြည်ရလောက်သည့် ရုပ်ရှင်တစ်ခု ထွက်လာချေပြီ။ တရုတ်ပရိသတ်များလည်း ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပြီး ရုပ်ရှင်ထဲတွင် နဉ်ရှီ၏ သရုပ်ဆောင်ချက်က အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လွန်းသဖြင့် ထိုမှ ပရိသတ်များစွာ ရရှိခဲ့လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now