"လော့လောင်ရှီး မျန်းမျန်က ဒါက်ို လောင်ရှီးဆီပို့လိုက်တယ် ပူနေတုန်းလေးသောက်ပြီး အအေးမမိအောင် ဂရုစိုက်ပါ"

လော့ချယ်က သူ့ဆံပင်တွေကို သုတ်နေတုန်းပဲ။ အဲ့ဒီစကားတွေကိုကြားတဲ့အခါ သူရပ်သွားတယ်။

သူ့မျက်၀န်း‌တွေထဲမှာလည်း အလင်းတန်းတစ်ချက်လက်သွားခဲ့တယ်။

လော့ကျစ်ယွီက ဘေးကနေ အော်ဟစ်လိုက်ပြီး ဂျင်းစွပ်ပြုတ်ယူဖို့ လက်ဆန့်လိုက်တယ်။" ရှောင်လော့အတွက် ဂျင်းစွပ်ပြုတ်ကူပြင်ပေးဖို့ မေ့သွားတယ် အစ်ကိုနန် ကျေးဇူးတင်ပါတယ်"

အစ်ကိုနန် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး နွေးထွေးစွာပြုံးပြလိုက်တာက သူ့ရဲ့ လူသားဆန်မှုအရည်အသွေးတွေကို ပြသနေတယ်။ဂျင်းစွပ်ပြုတ်ကို လုံလုံလောက်လောက်ပေးခဲ့ပြီး စကားအများကြီးလည်း မပြောဘူး။

သူက ပြုံးပြီး "ဒါက ကိစ္စသေးသေးလေးပါပဲ"

လော့ကျစ်ယွီက ညင်သာစွာ ပြုံးလိုက်ပြီး "ဟုတ်ပါပြီ အစ်ကိုနန်"

လီနန်ထွက်သွားပြီးချင်းမှာပဲ လော့ကျစ်ယွီက လော့ချယ်ကို ဂျင်းစွပ်ပြုတ်ပေးလိုက်ပြီး ကျီစယ်ဖို့လည်း မမေ့ခဲ့ဘူး။"မင်းရဲ့ကောင်မလေးက မင်းကိုဂရုစိုက်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး သူမက ဂျင်းစွပ်ပြုတ်ပေးဖို့ မမေ့ဘူးလေ"

တကယ်တော့ ကုမျန်ရဲ့အပြုအမူက လော့ချယ်ရဲ့ မျှော်မှန်းချက်တွေထက်ကို ကျော်လွန်သွားခဲ့တာ။

ဂျင်းစွပ်ပြုတ်က နွေးနေတုန်းပဲမို့ ဆောင်းဦးရာသီနှောင်းပိုင်းမှာတောင် နွေးထွေးမှုကို ယူဆောင်လာနိုင်တယ်။ လော့ချယ်က ဂျင်းစွပ်ပြုတ်ကို တိတ်တိတ်ဆိတ်ဆိတ်ယူပြီး တစ်ခွက်လုံးသောက်လိုက်တယ်။

ရေထဲပြုတ်ကျပြီးနောက်မှာ အဓိကဇာတ်ဆောင်နှစ်ယောက်က ရေနွေးနွေးလေးနဲ့ချိုးပြီး သူတို့ကိုယ်သူတို့ သန့်စင်ဖို့ ပြန်သွားကြတယ်။

လော့ချယ်က သူ့sceneတွေ ပြီးသွားပြီ။ ဒီနေ့အတွက် ဘာအခန်းမှရိုက်ကူးဖို့ မရှိတော့ဘူး။ ရေချိုးပြီးနောက် သူက ကုလားထိုင်ပေါ်လှဲနေပြီး ခေါင်းငုံ့ကာ *Dou Dizhuကို ကစားလိုက်တယ်။(fight the landlord-ကတ်ဂိမ်း)

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now