(20) Unicode+Zawgyi

1.1K 58 8
                                    

"သား မင်းကရော ဘယ်သွားမလို့လဲ"

"အခန်းထဲလေ ပါးပါး"

"မင်းတို့မောင်နှမသုံးယောက်က မဟုတ်သေးဘူးကွ အငယ်မကလည်း အိမ်ပြန်မလာဘူး အလတ်ကလည်း အပြင်ထွက်သွားတာအခုထိပြန်မလာသေး ၊ မင်းကလည်းအခန်းထဲမှာ နေအုံးမယ် ငါကိုမျက်နှာပျက်အောင်လုပ်နေကြတာလားဟမ်"

"တော်ပါတော့ပါးပါးရယ် အခန်းထဲမသွားတော့ဘူး ကျွန်တော် ဒီမှာနေပေးမယ် အဲ့ဒါဆို ရပြီမဟုတ်လား"

ပြောရင်းဖြင့် ထမင်းစားပွဲရဲ့ တစ်နေရာတွင် သူဝင်ထိုင်လိုက်ပြီး လက်ထဲတွင် အသင့်ကိုင်ထားသော စာအုပ်ကိုဖွင့်ဖတ်လိုက်သည်။

အနောက်မှာရှ်ိသော ဦးဟိန်းသူ သည် နားထင်ကို လက်မဖြင့်ပွတ်သပ်ရင်း အပေါ်မော့ကာ လေပူ‌တို့ကို တစ်ချက်မှုတ်ထုတ်လေသည်။

ခဏအကြာ ကားဟွန်းတီးသံနဲ့အတူ ခြံထဲသို့ ကားတစ်စီး ဝင်လာသည်။ ကားဟွန်းတီးသံ ကြားရုံနဲ့ ဘယ်သူလဲဆိုတာ ထကြည့်စရာမလိုအောင် သူရိန်‌သိလေပြီ။ မိဘနှစ်ပါးက အရှေ့ကို ထွက်ကြိုသော်လည်း သူရိန်တစ်ယောက်မှာ တုတ်တုတ်မျှ မလှုပ်ပေ။ သိပ်မကြာပါ ထမင်းစားခန်းထဲသို့ ဒေါက်မြင့်ဖိနပ်သံက ဝင်ရောက်လာသည်။

သူများအိမ်ကိုလာလျှင် ဖိနပ်ချွတ်ဝတ်ရမည်ဆိုတာ ထိုမိန်းကလေး မသိသည်လား ၊ မသိချင်ယောင်ဆောင်သည်လားပင် သူရိန်မသိပေ။ ထိုမိန်းကလေးက သူရိန်ကို မြင်သော အထင်သေးသောမျက်ဝန်းများဖြင့် ကြည့်ပြီး နှာခေါင်းရှုတ်ကာ သူနဲ့မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လေသည်။ ပါးပါးက စားပွဲရဲ့ထိပ်မှာထိုင်ပြီး မာမီက ပါးပါးရဲ့ဘယ်ဘက်နေရာတွင်ထိုင်ကာ ထိုမိန်းကလေးရဲ့အဖေက ညာဘက်တွင် ထိုင်လေသည်။

"အန်ကယ်တို့က အရမ်းဧည့်ဝတ်ကျေလွန်းတာပဲ ကလျာတို့လာတဲ့နေ့မှာ အိမ်သားတွေကစုံလင်လွန်းလို့"

ရွဲ့ပြောသလို ပြောလာသောစကားသံကြောင့် ပါးပါး နဲ့ မာမီ မှာ မျက်နှာပျက်သွားလေသည်။ သူရိန်မနေနိုင်စွာ ဖတ်နေသောစာအုပ်ကိုပိတ်၍ သူအရှေ့မှာထိုင်နေသော မိန်းကလေးကို ကြည့်ပြီး....။

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Where stories live. Discover now