(18) Unicode+Zawgyi

1.1K 60 3
                                    

🗨️ကလေး အိပ်နေပြီလား📱
🗨️မအိပ်သေးဘူး မ📱
🗨️မ ကလေးကိုတွေ့ချင်တယ် မ ကလေးတို့တိုက်အောက်မှာ📱
🗨️ဟုတ် မ ကလေးဆင်းလာခဲ့မယ်📱

တန်းမှာချိတ်ထားသော အနွေးထည်ပါးကို ကောက်ဝတ်လိုက်ပြီး ဖုန်းကိုယူ၍ မ ရှိရာအရပ်ဆီ သွားလိုက်သည်။ လူချင်းမတွေ့ရသည်မှာ ကြာပြီမို့ မ ကိုတွေ့ဖို့ရန် သူ(မ) ရင်တို့ ခုန်မြန်လေ၏။ ပိုဆိုးသည်က သူ(မ) မ ကို ချစ်နေမိပြီဆိုတာ သိတည်းက မ ကို အကြည့်ချင်းဆိုင်ဖို့ အရင်ကလောက်မရဲတော့ပေ။

"မ"

"ကလေးလာပြီလား လာ မ နဲ့အတူ ကန်ဘောင်မှာ လမ်းလျှောက်ရအောင်"

"ဟုတ် မ"

မ ခေါ်ရာ ကန်တော်ကြီးဆီသို့ သူ(မ) လိုက်ပါသွားခဲ့သည်။ မ မျက်နှာသည် မလန်းပေ။ ကြည့်ရသည်မှာ အလုပ်တွေအရမ်းများလို့နဲ့တူသည်။ ကန်တော်ကြီးကိုရောက်တော့ မ က ထိုင်ခုံမှာမထိုင်ဘဲ မြက်ခင်းပြင်ပေါ်မှာသာထိုင်၍ ဘာစကားမှမဆိုဘဲ အရှေ့ကိုသာစိုက်ကြည့်မြဲ။ သူ(မ)ကလည်း အလိုက်သိစွာ ဘာအသံမျှ မထွက်ဘဲ ဘေးနားတွင် တိတ်တဆိတ်ထိုင်၍ မ ကို အဖော်ပြုပေးနေမိသည်။ ခဏအကြာ မက ကြွပ်ကြွပ်အိတ်အမည်းထဲကနေ ဘီယာဗူးတစ်ဗူးယူလိုက်သည်။

"ကလေး မ ကို မစိုးရိမ်ပါနဲ့ မ နည်းနည်းပဲသောက်မှာ"

သူ(မ) ကြည့်နေတာကို သိနေသည်အလား ပြောလာသော မ စကားကြောင့် သူ(မ)ခေါင်းငြိမ့်ပြလိုက်သည်။ ဘီယာဗူးကို ဖွင့်၍သောက်နေသော မ ကို သာ သူ(မ) ကြည့်နေလိုက်သည်။

"မ အလုပ်တွေအရမ်းများနေတာလားဟင်"

"များတယ်လို့လဲ မဟုတ်ပါဘူး ကလေးငယ်...."

"မ ပင်ပန်းနေရင် ခြူးကိုပြောလေ ခြူးတတ်နိုင်သလောက် မ ကို ကူလုပ်ပေးမယ်"

သူ(မ) ပြောစကားကြောင့် မ က ရယ်လေ၏။
ထို့နောက် သူ(မ)ဘက်လှည့်ကာ သူ(မ)ခေါင်းကို ပုတ်၍.....။

"မ ကလေးလေးက အရွယ်ရောက်နေပြီပဲ....ကလေးသာ မ အနားမှာရှိနေပေး အဲ့ဒါဆို
ပင်ပန်းမှုတွေသူအလိုလိုပျောက်သွားလိမ့်မယ်"

"ဟုတ်"

မ က သူ(မ)ကို ပြောပြီး လက်ထဲတွင် ကိုင်ထားသော ဘီယာဗူးကိုသာ ဆက်၍သောက်နေသည်။

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Where stories live. Discover now