(21) Unicode+Zawgyi

1K 58 4
                                    

မည်းမှောင်နေသော ကောင်းကင်ကြီးထက်ဝယ် လမင်းမှာ ထိန်ထိန်သာနေပြီး ကြယ်များက လမင်းဘေးတွင် အဖော်ပြုပေးနေသည်။ သူမရဲ့ နားမှာ ကြယ်ကလေးတွေလို အဖော်ပြုပေးမဲ့ သူ ပျောက်ကွယ်သွားခဲ့သည်မှာ တစ်ပတ်ကျော်လောက်ရှိလေပြီ။

နေနိုင်ရက်လိုက်တာ ချစ်သူရယ်...။

လမင်းကို ကြည့်၍ ဆေးလိပ်တွေ တစ်ငွေ့ပြီးတစ်ငွေ့ သောက်နေတဲ့ သူမကို တားမဲ့သူ အနားမှာ မရှိတော့ နေ့ရက်တိုင်းကို ဆေးလိပ်နဲ့ပဲ ဖြတ်သန်းရသည်။ ထမင်းမစားသည်နေ့တွေ ၊ အိပ်ရေးပျက်သည်ရက်တွေ များလာသော်ကြောင့် လူမှာ တစ်ရက်ထက်တစ်ရက် ပို၍ ပိန်လာသည်။ သူမ အစားမစားသည်ထက် မနက်မိုးလင်းလျှင် ကလေးငယ်အတွက် စိုးရိမ်စိတ်ကအရင်ဝင်လာသည်။
ကလေးငယ် ထမင်းများအချိန်မှန်စားရဲ့လား...။ ကလေး နေထိုင်မကောင်းများဖြစ်နေသလား...။

"သမီးငယ်"

"ဟုတ် ပါးပါး"

"ပါးပါးကြောင့် စိတ်ညစ်နေရပြီ"

"မညစ်ပါဘူး ပါးပါး....မကြာခင် ပြသနာတွေ ပြေလည်သွားမှာပါ"

"ပါးပါးတောင်းပန်ပါတယ် သမီးငယ် ပါးပါးကြောင့်သာ မဟုတ်ရင် သမီးလဲ သမီးချစ်တဲ့သူနဲ့ဝေးကွာမှာမဟုတ်ဘူး"

စိတ်မကောင်းဖြစ်သလိုဟန်ဖြင့် ပြောလာသော ပါးပါးကြောင့် ဆေးလိပ်မီးကိုသ တ်လိုက်ပြီး သူမ နှုတ်ခမ်းထက်တွင် အပြုံးမမည်သောအပြုံးပန်ဆင်ထားသည်။

"မဟုတ်တာပါးပါး သမီးသူကိုတွေ့အောင်ရှာမှာပါ ပါးပါး ဘာမှမဖြစ်နဲ့နော် ညနက်နေပြီ ပါးပါးအိပ်တော့လေ သမီးလဲသွားအိပ်တော့မယ်"

ပါးပါးကို ပြောပြီး သူမ အခန်းထဲသို့ ဝင်သွားသည်။ အမှန်တကယ်က သူမ မအိပ်ချင်ပါ။
အပြင်မှာကြာကြာနေလျှင် ပါးပါးစိတ်မကောင်းဖြစ်နေမည်စိုးတာကြောင့် အခန်းထဲဝင်လာခြင်းဖြစ်သည်။ အိပ်ရာပေါ်သို့ သူမ လှဲအိပ်လိုက်ပြီး ဘေးနားကစားပွဲပေါ်တွင် ထောင်ထားသော ဓါတ်ပုံဘောင်ကို ယူလိုက်သည်။ ဓါတ်ပုံထဲက ကလေးငယ်ရဲ့ ပုံကို လက်မဖြင့် ပွတ်လိုက်သည်။ ဓါတ်ပုံထဲတွင် ကလေးငယ်မှာ ပြုံးရယ်နေသည်။

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Where stories live. Discover now