(2) Unicode

1.6K 104 6
                                    

"ကို ပြန်လာပြီလား အနားယူလိုက်အုံး"

အိမ်ထဲဝင်ဝောာ့ သူ(မ)ကိုမေးလာသော ခြယ် အမေးကို ပြန်ဖြေဖို့အားမရှိစွာ ခေါင်းသာငြိမ့်ပြပြီး သူ(မ)အခန်းထဲသို့ ဝင်သွားလိုက်သည်။
တကယ့်ကို ပင်ပန်းသော နေ့တစ်နေ့ပါပဲ။ အိတ်ကို စာကြည့်စားပွဲပေါ်သို့ ပစ်တင်ပြီး အိပ်ရာပေါ်သို့ ဝင်လှဲကာအိပ်လိုက်တော့သည်။ သူ(မ) မအိပ်ချင်သေးပေမယ့် သူ(မ)ရဲ့ မျက်လုံးတွေကတော့ မှေးစင်းနေပြီ။
ညဂျူတီ အလုပ်အတွက် နှိုးစက်မပေးထားတော့ပေ။ သူ(မ) မနိုးလျှင် ခြယ်က လာနှိုးပေးလိမ့်မည်။

ခြယ် ထမင်းအိုးတည်ထားပြီး တိတ်ဆိတ်နေတဲ့ ကို အခန်းထဲသို့ တိုးညင်းစွာ ဝင်လာကာ Aircon ကို 25လောက်ဖွင့်ပေး၍ စောင်ခြုံပေးလိုက်ပြီး အပြင်သို့ထွက်လာလိုက်သည်။

ကုတင်ထက်တွင် အပူပင်းကင်းစွာ အိပ်ပျော်နေသော " ကို "ကိုကြည့်ပြီး သက်ပြင်းချမိသည်။ ၁၀ကျော်သက်အရွယ်မိန်းကလေးသည့် အိမ်ကမိဘပေးလိုက်သော မုန့်ဖိုးကို သုံးပြီး အပြင်သို့ လျှောက်လည်ရမည် ကလေးဖြစ်ရပေမယ့် "ကို"ရဲ့ ဘဝပေးကံကြမ္မာကြောင့် နေ့ညမရွေး ပိုက်ဆံကိုခက်ခဲစွာ ရှာဖွေနေရင်းနဲ့ပဲ ဘဝကိုရုန်းကန်နေရသည်။ ကို ဟာ ဘယ်အရာကိုမှ ငြီးငြူဖွယ်မရှိပဲ ပေးတဲ့အလုပ်ကိုသာလုပ်ရပြီး ကျွေးတဲ့အစားစာကိုသာစားသည်။ ကို ကြိုက်၏ မကြိုက်၏ မစဉ်းစား။ စားလို့ရသမျှ အစားစာကိုသာစားသည်။ တစ်ခါတစ်လေ ပိုက်ဆံအပြည့်မရသော လများ၏ လကုန်ရက်များတွင် ထမင်း နှင့် ဆီ နဲ့ ဆား သာစားရသည်။
တစ်ခါတစ်လေ ဟင်းစာဖိုးပိုက်ဆံကုန်သွားလျှင် မစားရသော ရက်များလည်းရှိ၏။ အဲ့လိုရက်များတွင် စုထားသော ပိုက်ဆံများကို ထုတ်သုံးလို့ရပါလျှက် 'ကို'က ထုတ်မသုံးပေ။ သူတို့ဘဝဟာ သိပ်ကို ခက်ခဲကြမ်းတမ်းသည်။ သူများတွေလို စားချင်တိုင်း စားလို့မရတဲ့‌ဘဝ ၊ အိမ်တစ်အိမ်ရဲ့ နွေးထွေးမှုလိုမျိုးကို မရရှိနိုင်တဲ့ဘဝ။ ခက်ခဲလှပါသည်။ သူတို့တောင် မိဘတွေကပေးတဲ့ နွေးထွေးမှု ၊ မေတ္တာတွေကို တောင့်တနေရပေမယ့် စွန့်ပစ်မွေးကင်းစကလေးတွေကျ ဘယ်လိုများနေမည်လဲ သူတို့ကျ မိခင်ရဲ့ အာဟာရကို တောင့်တနေမည် ၊ ဖခင်ရဲ့ ပွေ့ချီမှုကို တောင့်တနေမည် ၊ အဲ့လိုမျိုးတွေ ရ ရ မယ့် ဘဝမှာ နို့ဗူးတွေကိုသာ အသုံးပြုရပြီး ကလေးတွေ ၊ ဖခင်ရဲ့နွေးထွေးတဲ့ရင်ခွင်အစား ပုခက်ထဲမှာသာ အချိန်များဖြုန်းရသည်။ သနားစရာကောင်းတဲ့ ကလေးလေးတွေပါပင်။

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Onde as histórias ganham vida. Descobre agora