(13) Unicode+Zawgyi

1K 67 1
                                    

ကလေးငယ် နဲ့တစ်နေကုန်မတွေ့ရသေးသောကြောင့် နေ့လည်စာစားချိန်မှာတွေ့မည်ဟု စဉ်းစားထားသောလည်း ကလေးငယ်၏အရိပ်ယောင်တောင်မပေါ်လာပေ။ ဒါကြောင့်မို့ရုံးဆင်းချိန်ရောက်တော့ အပြင်ဘက်မှာ စောင့်ပြန်တော့လည်းတစ်ခြားသူတွေ‌ပြန်တာကိုသာမြင်ရပြီး သူမကလေးငယ် ပါမလာပေ။ စိတ်ပူစွာ ကလေးငယ်ဖုန်းကိုဆက်ပြန်တော့လည်း ဖုန်းကမကိုင်။ သူမစိတ်တို့စိုးရိမ်လာကာကလေးငယ်ရှိရာရုံခန်းသို့ဝင်လာလိုက်သည်။

"မမသွယ် ကလေးရော"

ရုံးခန်းထဲရောက်တော့ မမသွယ်ကိုသာ မြင်ရပြီး သူကလေးငယ်ကိုတော့ မတွေ့ရပေ။

"ပထမထပ်က သိုလှောင်ခန်းကိုသွားတယ် မေလေး.....ဘာဖြစ်လို့..."

စကားတောင်ဆုံးအောင်နားမထောင်ဘဲ ပြေးထွက်သွားသော မေလေးကိုကြည့်ပြီး သူမပါ အနောက်ကနေပြေးလိုက်မိသည်။ ပထမထပ်ရှိသိုလှောင်ခန်းသို့ရောက်တော့ အခန်းက သော့မခက်ထားဘဲ ဂျလန့်သာထိုးထားသည်။ ထိုးထားသောဂျလန့်ကို အလျင်မြန်ဖွင့်လိုက်တော့ တံခါးနားတွင် ‌မေ့လဲနေသော ကလေးငယ်။

"ဟယ် ခြူးလေး"

မမသွယ်စကားသံကြားမှ သူမ အသိစိတ်တို့ဝင်လာပြီး မေ့လဲနေသော ကလေးငယ်ခန္ဓာကိုယ်ကို ပွေ့ချီကာ သူမအခန်းထဲသို့ ခေါ်လာလိုက်သည်။ အနောက်မှာကျန်နေခဲ့သော မမသွယ်သည်မှာ ဆရာဝန်ကိုဖုန်းဆက်ခေါ်ပြီး ခြူးလေးကျန်ခဲ့သော ဖုန်းကိုယူ၍ အနောက်ကနေသွားလိုက်သည်။

ဆရာဝန်ရောက်လာတော့ ကလေးငယ်ကိုစမ်းသပ်ပေးသည်။ သူမကလေးနားကနေမခွာဘဲ ကလေးလက်ကို စုပ်ကိုင်ထားမိသည်။

"လူနာက အစာမရှိလို့မေ့လဲသွားတာပါ အားဆေးပေးထားခဲ့ပါမယ် လူနာကိုအစာမှန်မှန်ကျွေးပါ မဟုတ်ရင် အစာအိမ်ဖြစ်သွားပါလိမ့်မယ်"

"ဟုတ်ကဲ့ဆရာ"

"လူနာကခဏနေရင်နိုးလာပါလိမ့်မယ် အဲ့ဒါဆို ဆရာပြန်မယ်"

"ဟုတ်ကဲ့ဆရာ သွယ်လိုက်ပို့ပေးမယ်ဆရာ"

မမသွယ်က ဆရာကို ပြန်လိုက်ပို့ပေးပြီး သူမကတော့ ကလေးငယ်နိုးလာမည်အချိန်ကိုစောင့်နေလိုက်သည်။ ခဏအကြာ ကလေးငယ်ရဲ့မျက်ခွံ့များလှုပ်လာတာကိုတွေ့ရသည်။

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Where stories live. Discover now