(23) Unicode+Zawgyi

1.1K 62 3
                                    

အချိန်ရာသီစက်ဝန်းသည် တစ်ဖြည်းဖြည်းရွေ့လျားရင်း တစ်ပတ်ဆိုသော အချိန်မှာ
အလျှင်မြန်ပင် ကုန်ဆုံးသွား၏။ ထိုတစ်ပတ်အတွင်း သူမနှင့်ကလေးငယ်ရဲ့ ဆက်ဆံရေးမှာ အရင်ကထက်စာရင် တိုးတတ်လာပြီဟု ဆိုရမည်။ သို့ပေမဲ့ ကလေးငယ်က အတိတ်ကိုတော့ ပြန်သတိမရသေးချေ။ ကိုကိုက ရန်ကုန်သို့ ပြန်သွားချေပြီ။ သူမကတော့ ကလေးငယ်ကို စိတ်မချဟုဆိုကာ အခုထိတိုင် ပြင်ဦးလွင်မြို့လေးမှာ နေနေဆဲပင်။ အကိုရှိုင်းအိမ်မှာတော့ သူမ မနေတော့ပင်။ အကိုရှိုင်းကိုအားနာသည်တို့ကြောင့် ပြင်ဦးလွင်ဟိုတယ်မှာပဲ သူမ ပြောင်းနေခဲ့သည်။

ဒီနေ့ ကလေးနဲ့အန်တီမြ တို့ရဲ့ သွေးအဖြေရမည်နေ့တစ်နေ့ပေ။ ကာယကံရှင်မဟုတ်သည့်တိုင် သူမစိတ်တို့မှာ လှုပ်ရှားနေသည်မို့ မနက်စောစောနိုးနေခဲ့သည်။ နာရီလက်တံအတိုမှာ 8ကို ပြသ၍ နာရီလက်တံအရှည်မှာ 6ကို ညွှန်နေသောကြောင့် သူမ ဟိုတယ်မှထွက်ခွာဖို့ပြင်ရသည်။ ပြင်ဦးလွင် မြို့ဟိုတယ်နှင့် ဆေးရုံမှာ မဝေးသော်ကြောင့် 15မိနစ်လောက်သွားရုံဖြင့် ဆေးရုံသို့ရောက်ရှိလေသည်။ သူမ အဖြေကိုသိချင်သော စိတ်တို့ကြောင့် ဆေးရုံအတွင်းသို့ အမြန်ပင်ဝင်လိုက်၏။

ဆေးရုံရှေ့က ပန်းခြံခုံမှာ သူမအချိန်အတော်ကြာ ထိုင်နေမိသည်။ လက်ထဲက အဖြေစာရွက်ကို ဆုပ်ကိုင်ရင်း သူမမျက်ဝန်းတို့မှာ အံ့ဪသော်အရိပ်ယောင်တို့က ပြည့်နှက်လျက်ပင်။ ထိုအဖြေကို ကလေးငယ်သိလျှင်
ဝမ်းသာမည်မှာ ဧကန်ပေ။ ကလေးငယ်ကို
သတင်းကောင်းပြောပြချင်သည့်စိတ်တို့ကြောင့် နေရာမှထကာ ကလေးငယ်ရှိရာအရပ်ဆီ သူမ သွားလေ၏။
.
.
.
.
"ခြူးငယ် အိမ်ရှေ့မှာ ဆောင်းရောက်နေတယ်"

"ဟုတ်အကို"

ခြူး စာဖတ်နေရင်း မ ရောက်နေသည်ဆိုတာကြောင့် ဖတ်နေတဲ့စာအုပ်ကို အမြန်ပိတ်ပြီးနေရာမှထကာ မ ဆီသွားလိုက်သည်။ မ နဲ့ သူ(မ)ရဲ့ပတ်သက်မှုကို အသေချာမမှတ်မိသေးပေမယ့် မ နားနေရတာ သူ(မ)စိတ်တို့ နွေးထွေးလုံခြုံစေသည်။ မ ရဲ့ အသံကို မကြားရရင် သူ(မ)မှာ နေမထိထိုင်မသာဖြစ်ရသည်။ မ ကို တစ်နေ့မတွေ့ရရင် လွမ်းလှသည်။ သူ(မ) ဖြစ်နေတဲ့အရာတွေကို Facebook မှာရှာကြည့်တော့ အဲ့လက္ခဏာတွေက ချစ်မိနေပြီဆိုတဲ့ အဓိပ္ပါယ်တဲ့။ ဒါဆိုသူ(မ) မ ကိုချစ်မိနေပြီပေ့ါ။ သူမ အတွေးတွေ နဲ့အတူ အိမ်ရှေ့ကိုလာတော့ အိမ်ရှေ့ဆက်တီခုံမှာ ထိုင်နေသော မ။ အနက်ရောင်ဂျင်းဘောင်းဘီ နှင့် အနက်ရောင်ရှပ်အကျီကိုဝတ်ဆင်ထား၍ တံတောင်ဆစ်နားအထိ လက်ခေါက်ထားသည်။ သူ(မ)ကို မ လာတွေ့သောအချိန်တိုင်းတွင် အနက် မဟုတ်ရင် အဖြူ ပဲ ဝတ်လာတတ်သည်။

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Tahanan ng mga kuwento. Tumuklas ngayon