(15) Unicode+Zawgyi

1K 65 1
                                    

ပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုတို့သည် အေးမြလှသည်။ ပင်လယ်ရေလှိုင်းတို့ ကျောက်ဆောင်ကိုရိုက်ခတ်နေသည်။ သူ(မ)သည် သဲသောင်ပြင်ပေါ်ထိုင်၍ အရှေ့ကပင်လယ်ကို ထိုင်ကြည့်နေမိသည်။ ညအချိန်ဖြစ်သောကြောင့် ကောင်းကင်ထက်ဝယ် ကြယ်များသည် လ၏အလင်းရောင်ဖြင့် တည်ရှိနေလေ၏။

"ကလေး မအိပ်သေးဘူးလား"

စကားသံနှင့်အတူ သူ(မ)နားသို့ ရောက်လာသော မ။ အဖြူရောင်တီရှပ်လက်ရှည်ကို တံတောင်ဆစ်ထိ အကျီလက်ခေါက်၍ ဝတ်ဆင်ထားသည်။ ဒါအပြင် အကျီကြယ်သီး တစ်လုံးကို မတပ်ထားသောကြောင့် ညှပ်ရိုးတို့ကို မြင်တွေ့ရပြီး ကျော့ရှင်းလှပသော လည်တိုင်တို့ထက်တွင် ဆွဲကြိုးမျှင်လေးတစ်ခုက နေရာယူထားသည်။ မ ကို ဘယ်အချိန်ပဲကြည့်ကြည့် စတိုင်ကျကျဝတ်ဆင်တတ်သည် ဟု သူ(မ) တွေးမိသည်။ သူ(မ)ကတော့ မ နဲ့ မတူ။ Designer တစ်ယောက်ဖြစ်လင့်ကစား သူ(မ)ကို သူ(မ)ဝတ်စားဆင်ယင်ရမည်ဆိုတာ သူ(မ)မသိပင်။ သိအောင်လည်း သူ(မ) မလုပ်မိခဲ့ချေ။

"ကောင်းကင်ကိုကြည့်နေတာပါ မ"

"ဟုတ်လား ကိုယ်လဲ ကြည့်အုံးမယ်" ဆိုပြီး အနားနားသို့ လာထသော မ ရယ်ပါ။ အခုမှရေချိုးလာသည် ဟု ထင်ရသည်။ မွှေးကြိုင်သောဆပ်ပြာနံ့က သူ(မ) နှာခေါင်းနားတွင် လာရောက်ကျီစယ်နေ၏။ သဲသောင်ပြင်ပေါ်သို့ထိုင်၍ အနောက်ဘက်သို့ လက်နှစ်ဖက်ထောက်ပြီး ကောင်းကင်သို့ မော့ကြည့်နေသော မ ကိုကြည့်ပြီး သူ(မ) မ ကို ဆက်မကြည့်တော့ဘဲ ကောင်းကင်ကိုသာ အကြည့်ပို့ထားလိုက်သည်။

"ကလေး လ နဲ့ ကြယ်မှာ ဘယ်အရာကိုပိုသဘောကျလဲ"

"ကြယ်ကို သဘောကျတယ်...မ ရော"

"အင်းးး သဘောကျတယ်ဆိုတာထက် ကြယ်နားနေနိုင်တဲ့ လ ပဲ ဖြစ်ချင်တယ်"

"ဟင် ဘာလို့လဲ မ"

"တစ်ယောက်တည်း အထီးကျန်စွာနေနေတဲ့ တစ်စုံတစ်ယောက်ကို နွေးထွေးတဲ့အလင်းတွေပေးချင်မိတယ် အဲ့ဒါ ဘာလို့လဲလို့ ကလေးထင်လဲ"

"မသိဘူးမ ဘာလို့လဲဟင်"

"ကိုယ်တို့ လမ်းလျှောက်ရအောင်"

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Where stories live. Discover now