(11) Unicode+Zawgyi

1K 70 1
                                    

ဆောင်းပျိုမေတစ်ယောက် လုပ်ရမယ့်အလုပ်တွေကို အပြီးသတ်လုပ်နေရသည်မှာ အချိန်အတော်ကြာသွားသော်ကြောင့် ည(၉:၃၀)မှအိမ်ပြန်ဖို့ပြင်ရသည်။ ကားပါကင်သို့သွားရန် ဓါ‌တ်လှေကားစီးသောအချိန်တွင် ဓါတ်လှေကားသည် ဒုတိယထပ်တွင်ရပ်သွား၏။ ဆောင်းပျိုမေ စိတ်ထဲတွင် ဒီအချိန်ထိ မည်သူအလုပ်လုပ်နေသနည်းဟုတွေးရင်း ဓါတ်လှေကားထဲဝင်လာမည်အချိန်ကိုစောင့်နေလိုက်သည်။ ဓါတ်လှေကားပွင့်ပွင့်ချင်း အလျင်မြန်ဝင်လာသူသည်ကား သူမချစ်ရသောကလေးငယ်။ ကလေးငယ်သည် သူမကို မြင်သည်ပုံမပေါ်ပေ။ ချွေးစေးတွေဖြင့် တုန်ယင်နေသောကလေးငယ်၏ပုံစံကိုကြည့်ပြီး စိုးရိမ်ကာ ကလေးငယ်ရဲ့ပုခုံးကိုကိုင်လိုက်တဲ့အချိန် ကလေးငယ်ကရုတ်တရက်မေ့လဲသွားသည်။ မေ့လဲသွားတဲ့ကလေးငယ်ရဲ့ခန္ဓာကိုယ့်ကို သူမ ပွေ့ချီလိုက်ပြီး ကားရှိရာသို့ သွားလိုက်သည်။

ဒီတစ်ခါတော့ သူမ မလတ်ကိုကျေးဇူးတင်ရမည်။ သူမ ညဘက်ဆိုင်ကယ်စီးတာကို စိတ်မချတဲ့မလတ်က သူမအတွက် ကားထားပေးခဲ့သည်။ ကလေးငယ်ရဲ့ကိုယ်ကို Love seatတွင်ထား၍ခါးပတ်‌ ပတ်ပေးလိုက်ပြီး သူမက Driver နေရာတွင် ဝင်ထိုင်၍ သူမကွန်ဒို ရှိရာသို့ ဦးတည်မောင်းလိုက်သည်။ ဒီလိုအခြေနေဖြင့် သူမအိမ်သို့ ကလေးငယ်ကိုခေါ်မသွားချင်ပါ။ ကလေးငယ်နိုးလာလျှင် နေရခက်ပေလိမ့်မည်။
_______________
ချွေးစေးတွေထွက်နေသော က‌လေးငယ်ကိုကြည့်ပြီး ဖျားမှာစိုးတာကြောင့် ရေပတ်တိုက်ပေးဖို့ပြင်ရသည်။ ပုဝါကိုရေစွတ်၍ကလေးငယ်ရဲ့ မျက်နှာအစိတ်ပိုင်းတွေကို ကြွေကွဲသွားမယ့်ဖန်အပိုင်းစလေးသဖွယ် အသေချာရေပတ်တိုက်ပေးမိသည်။ ချွေးတွေနဲ့ စိုစွဲနေသော ကလေးငယ်ကို သူမ မှာရှိတဲ့ အကျီတွေထဲက တော်မယ့်အဝတ်ကိုရွေး၍ ကလေးငယ်ကို ဝတ်ပေးလိုက်ပြီး ကလေးငယ်နိုးလာလျှင်စားဖို့အတွက် မီးဖိုချောင်ထဲဝင်၍ချက်ပြုတ်ဖို့ပြင်ရ၏။

"အားးးးးး!!!!!!"

မီးဖိုချောင်ခန်းထဲတွင် သူမ အလုပ်ရှုပ်နေသောအချိန် ကလေးငယ်ရဲ့ အော်သံကိုကြားလိုက်ရသဖြင့် ထိတ်လန့်ကာ ကလေးငယ်ရှိရာအခန်းသို့ လျင်မြန်စွာသွားလိုက်၏။ အခန်းထဲရောက်တော့ ဒူးနှစ်ဖက်ပေါ်တွင် လက်ဖြင့်ထောက်၍နားပိတ်ထားသော ကလေးငယ်ရဲ့အနားကို သူမ တိုးသွားလိုက်ပြီး ကလေးငယ်ကိုယ့်ကို သိမ်းကျုံးဖက်ထားလိုက်သည်။

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Where stories live. Discover now