ကုမျန်က သူမဘာတွေလုပ်နေလဲဆိုတာ နားမလည်နေဘူး။ သူမက ဒီအခိုက်အတန့်မှာ  အသက်ကယ်ကောက်ရိုးမျှင်လေးကို တွယ်ကပ်နေတဲ့ ရေဘဝဲတစ်ကောင်လိုမျိုး လူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်ရုံလေးပါပဲ။

သူမကိုင်ထားတဲ့ "ကောက်ရိုး" က အေးစက်ပြီး မာကျောတယ်ဆိုတာ သူမသိပေမယ့် ဒါက သူမကို လုံခြုံတဲ့ ခံစားချက်ကိုပေးတယ်။ ဒီ "ကောက်ရိုး" က သူမ အရာအားလုံးအဆင်ပြေနေကြောင်းကို သိစေတယ်လေ။

အချိန်ဘယ်လောက်ကြာသွားတယ်ဆိုတာကို သူမ,မသိပေမယ့်လည်း ကုမျန်က ဒါရိုက်တာရဲ့ စပရိုက်ဖြစ်စေတဲ့"Cut!"ဆိုတာကို ကြားလိုက်ရတယ်။

နောက်တစ်စက္ကန့်မှာ လက်ထောက်ရှောင်ကျူးက စောင်ကိုယူပြီး ကုမျန်ရဲ့ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံပေးလိုက်တယ်။ မန်နေဂျာဖြစ်တဲ့ အစ်ကိုနန်က သူ့လက်ထဲက ဂျင်းစွပ်ပြုတ်တစ်ခွက်နဲ့အတူ ရောက်လာပြီး ကုမျန်ကို ကမ်းပေးလာတယ်။ "အအေးမမိအောင် ဂျင်းစွပ်ပြုတ်သောက်လိုက်ဦး"

ကုမျန် နွေးထွေးလှတဲ့ဂျင်းစွပ်ပြုတ်ကို အလုတ်အများအပြားသောက်ပြီးနောက်မှာ သူမက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့တယ်။

ထိုအချိန်မှာ ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာသာမက၊ လက်ထောက် ရှောင်ကျူးရဲ့မျက်၀န်းတွေက ကုမျန်အပေါ် မတူကွဲပြားသွားတယ်။

ရှောင်ကျူးက ကုမျန်ရဲ့နားရွက်ဆီ‌ တိုးကပ်လာပြီး သတိထားပြောလာတယ်။ "မျန်းမျန်၊ ငါတကယ်လုပ်ချင်တဲ့တစ်စုံတစ်ခုလေးကို နင်လုပ်သွားပြီ၊ ဒါပေမယ့် ငါတော့ မလုပ်ရဲဘူး"

ကုမျန်ရဲ့စိတ်က အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်ပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးပေ။

ရှောင်ကျူးက ငိုလိုက်တယ် ။ ကုမျန် မတုံ့ပြန်တာကိုမြင်တော့ သူမက သည်းခံနေတဲ့မျက်နှာထားလေးနဲ့  တီးတိုးပြောပြန်တယ်။"နင် ချယ်ချယ်ကို ဖက်ထားတယ်၊ ချယ်ချယ်ကို ဖက်ထားရုံတင်မကဘူး၊ နင်က သူ့ကို အရမ်းကြီးဖက်ထားလိုက်သေးတယ် မျန်းမျန် နင်အရမ်းတော်တာပဲ!"

ကုမျန်ရဲ့သူငယ်အိမ်တွေ ကျုံ့သွားတယ်။ သူမ မလုပ်ခဲ့ဘူး။သူမ မလုပ်ခဲ့ဘူးလေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now