ကျန်းချန်းက မိန်းကလေးကု သရုပ်ဆောင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။

သူမက သရုပ်ဆောင်မေဂျာကနေ ဆင်းလာတာမဟုတ်သလို အရမ်းစိတ်ဆတ်တဲ့သူဖြစ်ကြောင်း ကြားခဲ့ရတယ်။ သူမ,မရောက်လာခင်မှာ သူမက ဆက်ဆံရခက်လိမ့်မယ်လို့တောင် ဒါရိုက်တာက ထင်ခဲ့တာ။ သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ ပြင်ဆင်ထားပြီး လူတိုင်းကို အချိန်ပိုလုပ်ခိုင်းဖို့တောင် တောင်းဆိုထားခဲ့တယ်။ မထင်မှတ်ဘဲနဲ့၊ လူအစစ်ကိုတွေ့ပြီးနောက်၊ ကလေးမလေးက ကြည့်ကောင်းရုံသာမက စိတ်ထားလေးလည်းကောင်းမွန်ကြောင်း သူတွေ့ခဲ့တယ်‌လေ။

သူဘာပဲပြောပြော၊ "ကောင်းပါပြီ၊အင်း ကျွန်မသိပါပြီ" လို့ အမြဲတုံ့ပြန်လေ့ရှိတယ်။

ဒီလိုဗုဒ္ဓဘာသာ၀င်ဆန်တဲ့* တုံ့ပြန်မှုက အရမ်းကောင်းတယ်။ တခြားဒါရိုက်တာတွေ ဘာတွေတွေးနေလဲဆိုတာ သူမသိဘူး။ အတိုချုပ်ပြောရရင် သူကတော့ ဒီလိုမင်းသမီးမျိုးကို အကြိုက်ဆုံးပဲ။ သူတို့က ပြဿနာတွေ မဖန်တီးဘူး ဒါမဟုတ် ပြဿနာတွေမဖြစ်စေဘဲ သူ့ဆန္ဒအတိုင်း ဇာတ်ကားရိုက်ကူးဖို့သာလုပ်ကြတယ်။(ငြင်းခုန်မှုတွေ စိတ်မ၀င်စားတဲ့သူ၊ဒေါသမထွက်တတ်၊ရန်မဖြစ်တတ်ပဲ 'အင်း၊ဟင့်အင်း'ကိုတောင် မပြောချင်သလိုမျိုး တခါတလေမှပြောတတ်တဲ့သူ၊ဘ၀မှာ နိုင်တာဖြစ်ဖြစ် ရှုံးတာဖြစ်ဖြစ် ကိစ္စမရှိတဲ့သူပါတဲ့ ဆင်တူတာပြောရရင် ငါးဆားနယ်လိုလူပေါ့နော် ဘာတွေဖြစ်နေနေ ငါစိတ်ချမ်းသာသလို ငါနေမယ်ဆိုတဲ့သူမျိုး)

ဒါကြောင့် သူမကောင်းတယ်၊ သူလည်း ကောင်းတယ်၊ လူတိုင်း ကောင်းကြတယ်၊ လူတိုင်းပျော်ရွှင်ကြတယ်။

ကုမျန်က ဘာအမူအရာလုပ်ရမယ်ဆိုတာကို ခဏတာလောက် မသိပဲဖြစ်သွားတာကြောင့် သူမကတော့ အနည်းငယ်သာ ပြုံးနိုင်ခဲ့တယ်။

ဒီအပြုံးက ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာနဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကို သူမအပေါ် ပိုအကောင်းမြင်လာစေတယ်။ မထင်မှတ်ဘဲနဲ့၊ ချမ်းသာတဲ့မိသားစုကလာတဲ့ မိန်းကလေးက ကြွားလုံးမထုတ်တတ်သလို နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးလည်းဖြစ်နေသေးတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now