လူတိုင်းက လှည့်ကွက်တွေကို သဘာဝကျကျပဲ သိကြပြီး သူတို့အများစုက ဒါကို လျင်လျင်မြန်မြန် လက်ခံလိုက်ကြတယ်။

မိတ်ကပ်ပညာရှင်က ကုမျန်ရဲ့မိတ်ကပ်ကို နောက်တစ်ကြိမ် ပြန်ပြင်ပေးဖို့လည်း လိုအပ်သေးတယ်။

၀မ့်ရှားရဲ့ မိတ်ကပ်ဓာတ်ပုံတွေကို အရင်က တရားဝင်ဘလော့ဂ်မှာ တင်ခဲ့ပြီးသားဖြစ်ပြီး အင်တာနက်ပေါ်မှာ လက်ခုပ်သံတွေ အများကြီးရခဲ့တယ်။ ၀မ့်ရှားရဲ့ ရုပ်ရည်သွင်ပြင်က အများနဲ့မတူ တစ်မူထူးခြားတဲ့ဘက်ကို‌ရောက်ပြီး လက်တွေ့ဘ၀နဲ့နီးစပ်တဲ့ရုပ်ရည်ရှိတယ်လို့ ဆိုရမယ်။ သူမက ဘေးအိမ်က ညီမလေးနဲ့ဆင်တူတာကြောင့် အင်တာနက်သုံးစွဲသူတွေရဲ့ နှစ်သက်မှုကို ဆွဲဆောင်ဖို့ လွယ်ကူတယ်။ သူမက အလုပ်သင်ငယ်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်နေတယ်ဆိုတဲ့အချက်ကြောင့် အင်တာနက်အသုံးပြုသူတွေက သူမကို  တောင်ထွတ်သခင်နဲ့ တွဲဖက်မယ့် အလုပ်သင်‌ငယ်လေးလို့ ခေါ်ကြလိမ့်မယ်။

အမျိုးသမီးခေါင်းဆောင်နေရာ ပြောင်းလဲပြီးနောက်၊ ကွမ်းပေါ်(ဝေ့ပေါ်လိုမျိုး)က ၀မ့်ရှားရဲ့ မိတ်ကပ်ဓာတ်ပုံအားလုံးကို ဖျက်ပစ်ခဲ့တယ်။

‌‌ဇာတ်ကောင်နေရာပြောင်းလဲသွားတာက အင်တာနက်ပေါ်မှာ ၀ရုန်းသုန်းကားတွေဖြစ်သွားစေတယ်။“Ask the Immortals” က ဝတ္ထုလောကမှာ အကြီးအကျယ်‌ပေါက်တာကို မပြောနဲ့ဦး။ဒါ့အပြင်  နာမည်ကြီးပြည်တွင်းဒါရိုက်တာကျန်းချန်က ဒီဇာတ်ကားရိုက်ကူးမှာဖြစ်တာကြောင့် လူတွေက စောင့်ကြည့်နေကြတာ။

၀မ့်ရှားမှာ သူမကိုယ်ပိုင်ကျော်ကြားမှုရှိတယ်။ တရားဝင်ဘလော့ဂ်ကနေ မိတ်ကပ်ဓာတ်ပုံတွေကို ထုတ်ဝေလိုက်တဲ့အခါ ၀မ့်ရှားနဲ့ယင်းလျန် နှစ်ယောက်စလုံးက hot search ထဲ၀င်သွားတော့တယ်။

သူမရဲ့ပရိတ်သတ်တွေက ဇာတ်ကောင်နေရာတွေ ရုတ်တရက်ပြောင်းလဲသွားတယ်ဆိုတာကို သိပြီးနောက် သူတို့အားလုံးက ကန့်ကွက်ကြပြီး ၀မ့်ရှားရဲ့အကျိုးခံစားခွင့်အတွက် တိုက်ပွဲဝင်ဖို့ အဖွဲ့တစ်ဖွဲ့ကို ကောက်ကာငင်ကာဖွဲ့စည်းခဲ့ကြတယ်။

တရားဝင်ဘလော့ဂ်ကို သူတို့တွေ လုံးဝ သိမ်းပိုက်ထားလိုက်ကြပြီ။ ဇာတ်လိုက်မင်းသမီးအဖြစ် ၀မ့်ရှားကလွဲပြီး ဘယ်သူ့ကိုမှ လက်ခံမှာမဟုတ်ကြောင်း comment တွေအားလုံးက ရိုက်ကူးရေးအဖွဲ့ကို ဝေဖန်‌နေကြတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now