ခွန်းတ(48)

230 42 23
                                    

Zawgyi

"ကိုယ့်ဘာသာစားမယ်"

"ငါကျွေးပါမယ်ဆို"

"ကိုယ့်ဘာသာစားမယ်ဆိုနေ"

"ငါကျွေးပါမယ်ဆိုနေ"

ဆန်ပြုတ်ကျွေးသည်ကို ခွံကျွေးမခံချင်တာကြောင့် မျက်နှာကြီးရှုံ့ပဲ့နေသော မောင့်ကို သူလည်းကလေးတစ်ယောက်လို ဂျီတိုက်ကာ အလျော့မပေး။

"ဘာလို့အဲ့လောက်ခွံကျွေးချင်နေတာလဲ
မရှက်ဘူးလား..."

‌ထိုမေးခွန်းကြောင့် သူ့‌ဦးခေါင်းပေါ်တွင် '?' လေးတောင် ပေါ်သွားခဲ့သည်။

မအူမလည်ပုံစံလေးဖြင့် ခေါင်းလေးစောင်းကာ မေးမိသည်။

"ဘာကိုရှက်ရမှာလဲ?
ငါတို့က ချစ်-"

!!!...

!!!...

စဉ်းစားရင်း စဉ်းစားရင်းဖြင့် သူအလင်းပေါက်သွားခဲ့သည်။ယခု သူဟာ ‌မောင့်ရဲ့ 'အချစ်ဆုံးသူငယ်ချင်းလေး' ဂုဏ်ဆောင်ထားသူသာသာ..ထိုအချင်းအရာကို သူခဏတာ မေ့ထားခဲ့မိ၏။ဒီလိုတွေ သွားလုပ်နေခဲ့တော့ မောင်မရှက်ဘဲ ဘယ်နေပါလိမ့်မလဲ။

နေရကျပ်သော ခပ်ဖျော့ဖျော့အပြုံးဖြင့် လက်ခုပ်ထဲမှ ဆန်ပြုတ်ပန်းကန်လုံးလေးကို ပေးရန်ပြင်စဉ်မှာပင် မောင်ဟာ မျက်လုံးလှိမ့်လျက် မနိုင်ဘူးဟူသော အကြည့်ဖြင့် သူ့ကိုကြည့်ကာ ဆန်ပြုတ်သောက်ရန် အာ...ဟုသံရှည်ဆွဲ၍ နီညိုရောင်နှုတ်ခမ်းပါးလေးကို ဟထား၏။

ထိုသို့ နှစ်လိုဖွယ်ဆွဲဆောင်နေသော ထိုအမျိုးသားကို သူဘယ်လိုများ တောင့်ခံနိုင်ပါ့မလဲ..။ချက်ချင်းပင် အားတက်သွားပြီး ဆန်ပြုတ်တစ်ဇွန်းခပ်ကာ ခွံကျွေးလိုက်သည်။

သို့သော် မျက်မှောင်လေးကျုံ့ကာ 'ပူတယ်' ဟု ဆိုလာလေတော့ သူ့မှာ အာညောင်းအောင်ထိ ဆန်ပြုတ်အေးအောင် မှုတ်ပြီးမှ တိုက်ရပြန်သည်။

သူလုပ်သမျှကို ကြည့်ကာ ပြုံးယောင်သန်းနေသော မောင့်ကြောင့်လည်း သူ့မှာအရူးကြီး‌တစ်ယောက်လို သွားတဖြဲဖြဲ..။

ထိုစဉ် သော့ခတ်မထားသောကြောင့် အသာတွန်းဖွင့်ကာ ဝင်လာသော တံခါးတွန်းသံနှင့်အတူ သူတို့နှစ်ဦး၏အသံအစား ကလေးနှစ်ယောက်၏ အော်သံလေးများက အခန်းငယ်ကို လွှမ်းမိုးသွားခဲ့သည်။

ခှနျးတခွန်းတ(ongoing)Where stories live. Discover now