ခွန်းတ(9)

360 49 4
                                    

Unicode

"ခွန်း..ရရဲ့လား ကိုယ်တောင်းပန်ပါတယ် ဒီလိုမှန်းသိရင် ကိုယ်ခွန်းအိမ်လိုက်ဖို့ မတောင်းဆိုခဲ့ပါဘူး"

ထိတ်လန့်နေသည့် မျက်နှာလေးကို အတင်းဟန်ဆောင်ဖုံးဖိကာ ဇေကိုပြုံးကာပြန်ဖြေသည့် ခွန်းတ။

"ရပါတယ်..ဇေတောင်းပန်စရာမလိုပါဘူး..ကျွန်တော်ကတိပေးထားတယ်လေ ဇေတစ်ယောက်ကိုဘဲကြည့်ပေးပါမယ်လို့ ကျွန်တော်အဆင်ပြေပါတယ်"

"အော်..အင်း"

မျက်လုံးများ ဟိုကြည့်ဒီကြည့်‌နှင့် ဂနာမငြိမ်ဖြစ်နေသည့် ခွန်းတဟာဟန်ဆောင်တာ ညံ့လှသည်။

"ကျွန်..ကျွန်တော် အပြင်ခဏသွားအုံးမယ်"

ဇေ့အဖြေတောင်မစောင့်။အိမ်ပြင်သို့ ချက်ချင်းပြေးထွက်သွားလေသည်။အေးလှသည့် ဆောင်းရာသီမှာ လက်တိုအင်္ကျီလေးဖြင့်အပြင်ထွက်သွားသည့် ခွန်းတနောက် စိတ်ပူ၍ အနွေးထည်တစ်ထည်ယူကာ လိုက်ခဲ့သည်။ခွန်းတဟာ ဘယ်ကိုပြေးလို့ပြေးမှန်းမသိ။နောက်ကလိုက်တော့ မြင်လိုက်ရသည့် မျက်နှာလေးဟာ ချွေးစက်တွေလား မျက်ရည်စက်တွေလားမသိ ကျနေခဲ့သည်။ဇေ ခွန်းတနောက်လိုက်နေသည်ကို ရပ်လိုက်သည်။သူသိသွားပါပြီ..ဒီလို အလောတကြီးထွက်သွားသည့် ခွန်းတဟာ ဦးဘုန်းမင်းညိုစီသွားနေခဲ့သည် ဆိုတာ။ဇေရယ်သည်။သူ၏နာကျင်မှုတွေကို ဘယ်သူမှရှာမတွေ့အောင် ကျယ်လောင်စွာရယ်နေခဲ့သည်။လမ်းမပေါ်မှ အခြားလူများကတော့ အရူးတစ်ယောက်အလား ကြည့်သွားကြပေမဲ့ ဇေဂရုမစိုက်။ထိုနေရာလေးမှာဘဲ ထိုင်ကာငိုနေခဲ့သည်။မိုးတွေလဲရွာလာခဲ့သည်။ဇေတစ်ကိုယ်လုံး စိုရွဲနေခဲ့သည်။
ခွန်းတက ဦးမင်းညိုကိုချစ်သည်။
ဦးမင်းညိုဟာလဲ ခွန်းတကိုချစ်သည်။
ခွန်းတကိုချစ်နေတဲ့ ဇေကတော့
သူတို့ကြားက မြေစာပင်လေးပင်...။
ခဏအကြာတော့မိုးတိတ်သွားသည်လားမသိ မိုးစက်များ၏အထိအတွေ့ကို မခံစားရ၍ ခေါင်းမော့ကြည့်တော့ ဇေ၏အပေါ်တွင် ထီးမိုးပေးကာရပ်နေသည့် ‌မိန်းကလေးတစ်ဦး။ထိုသူဟာ ခင်သူဇာပင်..။

"သူဇာ မင်းဘာလာလုပ်တာလဲ"

"ဒီတိုင်းလမ်းသွားရင်း ကို့ကိုတွေ့မိလို့"

ခွန်းတခြန္းတ(ongoing)Where stories live. Discover now