ခွန်းတ(16)

282 42 0
                                    

Unicode

မှောင်မိုက်ပြီးချမ်း‌အေးသော လမ်းကလေးတွင် လမ်းမီးတိုင်လေးများ၏အလင်းဖြင့် လင်းထိန်နေခဲ့သည်။ခရစ်စမတ်နေ့ရောက်တော့မည်ဖြစ်၍ အိမ်တိုင်းမှာ သီချင်းသံတိုးတိုးလေးများကြားနေခဲ့ရသည်။လမ်းကလေးဟာ တိတ်ဆိတ်အေးချမ်းနေခဲ့ပြီး လမ်းသွားလမ်းလာလည်းမ‌တွေ့ရတော့ပေ။ဒါပေမယ့်လည်း ကောင်ငယ်လေးနှစ်ယောက်ကတော့ ထိုလမ်းကလေးပေါ်တွင် ပျော်ရွှင်စွာစကားပြောနေပြီး တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်နေခဲ့ကြသည်။

"မောင်"

"ဗျာ"

"မောင် ခွန်းကိုဘယ်လိုတွေ့ပြီးချစ်ခဲ့တာလဲ"

"စတွေ့ကတည်းက ချစ်တာပါဗျာ"

"အဲ့တာဆို ဒီကမ္ဘာမှာခွန်း
မွေးမလာခဲ့ရင်လည်း ချစ်ဦးမှာလား"

"ဟမ်??"

ခွန်းတကတော့ ပြုံးပြုံးလေးဖြင့် ဇေ့ကိုရစ်နေခဲ့သည်။အတော်ထူးဆန်းပါဘိ။လိုချင်သည့်အဖြေမရလျှင်လည်း ဇေ့ကိုပစ်ထားပြန်ဦးမည်။

"မင်းမရှိရင်ကိုယ်လည်းမွေးမလာ‌နိုင်ပါဘူး ကိုယ်ကမင်းကိုချစ်ဖို့ မွေးလာခဲ့တဲ့ ဖြစ်တည်မှုလေးတစ်ခု ခွန်းဘယ်ကမ္ဘာရောက်ရောက် ကိုယ်လိုက်ခဲ့မယ်"

ရင်ခွင်ထဲကို တိုးဝင်လာသည့် ခရမ်းချဉ်သီးလေး။လိုချင်သည့်အဖြေကိုရသွားသည်ထင် ပြုံးပျော်လို့။အပြုံးလေးတွေဟာ ချိုမြိန်လွန်းသလို အပြုအမူလေးကြောင့်လဲနွေးထွေးရသည်။

"ကဲပြောပါအုံး အဲ့တာဆို ခွန်းကကိုယ့်ကိုဘယ်ကနေဘယ်လိုချစ်သွားတာတုန်း"

ရင်ခွင်ထဲမှ မျက်နှာလေးဟာ ကိုယ့်ကိုစိုက်ကြည့်ကာ သူမြတ်နိုးရသောအပြုံးလေးကို စွန့်ကျဲလာသည်။

"ဘယ်ကနေစချစ်မိလဲ ခွန်းမှာအဖြေမရှိဘူး မောင့်ရဲ့ဖြစ်တည်မှုလေးက ခွန်းအတွက် စိတ်အေးကြည်သာ ရှိနေတဲ့ ချစ်ရိပ်ငြိမ်လေးလိုပဲ လိုက်မရှာပဲ ရောက်လာခဲ့တဲ့ ကံ‌ကောင်းခြင်းလေးတစ်ခု"

ဘယ်ကနေဘယ်လို ဒီလိုစကား‌တွေတက်လာခဲ့သည်မသိသော်လည်း မုန့်ရသွားသည့်ကလေးတစ်ယောက်လို ဇေပျော်ရသည်။အူယားကာ ထိုလူသားကိုတင်းကြပ်စွာ ဖက်ထားမိတော့ ပြန်ဖက်ထားပေးခဲ့သည်။ခွန်းဟာမသိမသာ ကိုယ့်ပါးကိုလှစ်ကနဲ နမ်းသွားပြီး ခေါင်းလေးကိုဘေးဘက်ကိုစောင်းကာ အရှက်ဖြေနေခဲ့သည်။အချစ်တစ်ခုကြောင့် ဘဝဟာပြည့်စုံသွားမည်မဟုတ်သော်လည်း အချစ်တစ်ခုကြောင့် ဘဝဟာလုံလောက်တာထက်ပိုခဲ့သည်။

ခွန်းတခြန္းတ(ongoing)Where stories live. Discover now