ခွန်းတ(14)

326 45 3
                                    

Unicode

ဦးဘုန်းမင်းညိုထွက်သွားသည်နှင့် တင်းထားသည့်စိတ်များလွှတ်ကာ အလဲလဲအပြိုပြိုဖြစ်ခဲ့ရသည်။ရပ်ဖို့ရန်ပင်အားမရှိတော့ပဲ ယိုင်နဲ့သွားတော့အနောက်မှရင်ခွင်ထဲတွင် ဖမ်းပေးထားသောဇေ။စိတ်ထဲကမပါပဲ အကြောင်းအမျိုးမျိုးကြောင့် ဦးကိုသူ့အနားကထွက်သွားအောင် လုပ်ခဲ့မိသည်။သူ့ကိုရိုင်းစိုင်းစွာပြောဆိုသွားခဲ့သော်လည်း အပြစ်မတင်ရက်ခဲ့။သိပ်ကို အားနာရပါသည်။

ဇေဟာခွန့်တကို မလွှတ်တမ်းဖက်ထားမိသည်။သူသိပါသည်။ခွန်းတဟာ သူတို့နှစ်ယောက်လုံးကိုချစ်ခဲ့မိသည် ဝန်မခံချင်ပေမယ့် ခွန်းတဟာ ဦးဘုန်းမင်းညိုကို ပို၍ချစ်မြတ်နိုးခဲ့သည်။ဝေခွဲမရခဲ့တော့ လွတ်လပ်ခြင်းကိုမြတ်နိုးသည့် ခွန်းတဟာ သူ့ကိုရွေးခဲ့သည်။အမှန်တရားကို သိနေသည့်အတွက် အဆင်မပြေပေ။သို့သော် သူအဆင်မပြေလဲရတာမို့လို့ ချစ်တယ်ဆိုတဲ့အကြောင်းပြချက်လေးနဲ့ ဒီလူသားအနားမှာ ဆက်ကပ်တွယ်နေမှာ အမှန်ပင်။

"မောင် ခွန်းထူးဆန်းသလိုခံစားရတယ် ခွန်းတစ်နေရာရာနေမကောင်းသလိုပဲ ဘာကိုမှလဲမလုပ်ချင်ဘူး စကားလဲပြောချင်စိတ်မရှိတော့ဘူး ခုအားလေးတစ်စက်တောင်မရှိတော့သလိုပဲ ရင်ထဲမှာ တစ်ခုခုတွယ်ကပ်နေသလိုကြီးဖြစ်နေတယ် အဲ့တာတအားနေရခက်တယ် အဲ့‌တာတွေကြောင့်အရမ်းပင်ပန်းတယ် ခွန်းဘယ်လိုလုပ်ရမလဲဟင် ခွန်းဘယ်လိုလုပ်ရမလဲ.."

ငယ်စဉ်ကထဲက ဦးဘုန်းမင်းညိုစီမှာ ဂရုစိုက်ခံရသည့် ခွန်းတ။လူတစ်ဦးထဲကိုသာ စွဲစွဲမြဲမြဲချစ်ဖူးသည့် ခွန်းတ။ဒီအခုဖြစ်နေသည့်ခံစားချက်ကို နားမလည်နိုင်ပေ။

ခွန်းတရဲ့ကိုယ်လုံးလေးကို ဇေ့ရဲ့ရင်ခွင်ထဲနှစ်မြုပ်နေတဲ့အထိ ဖက်ထားလိုက်သည်။တစ်ကိုယ်လုံးတုံယင်နေသော်လည်း ခုထိမျက်ရည်မကျသေးသော ခွန်းတ။ဇေ ခွန်းတရဲ့ကျောပြင်လေးကို ‌ငြင်သာစွာပွတ်ဆွဲကာ ချော့မြူသည်။

"ကိုယ်ရှိတယ်"

ထိုစကားလေးကြားလိုက်ရသည်နှင့် မျက်ရည်တွေဟာ တားစီး၍မရစွာ စီးဆင်းလာခဲ့သည်။ချော့မြူပေးမည့်သူ အားငယ်ချိန်တိုင်း ရှိနေပေးသည့် ရင်ခွင်ရှိ၍ထိုရင်ခွင်ထဲ ပိုတိုးဝင်ကာငိုမိသည်။ဘယ်လောက်ကြာကြာငိုမိသည်လဲ မသိတော့ပေမယ့် ဇေဟာမငြီးမငြူပဲ ခွန်းတကိုဆက်တိုက် ချော့မြူပေးနေခဲ့သည်။ငိုလို့ဝသွားသည်နှင့် ဇေ့ကိုမော့်ကြည့်ကာ စိတ်ပူစွာဖြင့်ရိုက်ခံရသည့် ပါးလေးကိုကိုင်ကာ မေးသည်။

ခွန်းတခြန္းတ(ongoing)Waar verhalen tot leven komen. Ontdek het nu