ခွန်းတ(3)

629 59 2
                                    

Unicode

ကားထဲကနေခွန်းတအိမ်ထိ ဉီးဘုန်းမင်းညိုခွန်းတကိုတစ်ရွတ်တိုက် ဆွဲလာခဲ့သည်။

"မင်း!ငါခဏလေးထွက်သွားခဲ့တာလေကွာ..ခုလိုလုပ်ရသလား!!ဟိုကောင်နဲ့ဘာလို့လိုက်သွားရတာလဲ ဟမ်!!"

"ဉီး..ခွန်းတောင်းပန်ပါတယ် သူနဲ့ကသူငယ်ချင်းပါ ဉီးရယ်"

"မင်းဘက်ကဘဲသူငယ်ချင်းလေကွ အဲ့ကောင်မျက်လုံးထဲကခံစားချက်တွေ မင်းမမြင်ဘူးလား ခွန်းတ!"

"အဲ့တော့ဘာဖြစ်လဲ..ဉီးအတွက် ကတိဆိုတာဖျက်ဖို့များပေးထားသလား ဟမ်!?အမြဲကတိကတိဆိုပြီးမတည်ခဲ့ဘူး..‌ဉီးကိုတွေ့ချင်လဲတွေ့ခွင့်မရှိဘူး"

"အဲ့တာကိုယ်အလုပ်-"

"အရုပ်လေးတစ်ရုပ်တောင် ဂျောင်ထိုးထားတာ
ကြာရင် ဖုန်တက်သွားတက်သေးတာဘဲ
ခွန်းကလူလေ...စိတ်ပျက်တတ်ပါတယ်"

ဉီးဘုန်းမင်းညိုတိတ်ဆိတ်သွားခဲ့သည်။

"ခွန်းလေး....ကိုယ်ဝောာင်းပန်ပါတယ်"

ဉီးဘုန်းမင်းညို ခွန်းတကိုတင်းကြပ်စွာဖက်ထားလိုက်သည်။ခွန်းလိုချင်တာမှန်သမျှရဖို့အတွက်သူကြိုးစားတယ်။ဒါပေမယ့် ခွန်း‌တကထိုအရာတွေကိုလိုချင်ခဲ့သလားဆိုတာကို မမေးခဲ့မိဘူး။ကိုယ်ကဘဲဖြည့်စည်း ကိုယ်ကဘဲကျေနပ်နေခဲ့တယ်။ထိုကလေးလေးဘယ်လောက် စိတ်ပင်ပန်းနေရမှန်းမသိခဲ့ဘူး။'တောင်းပန်ပါတယ်'ဆိုတဲ့ စကားထက်ပိုတဲ့ စကားလုံးရှိရင်ပြောချင်မိပါတယ်။

"ဉီး.."

"အင်း"

"ခွန်းလေ ဒီလိုမျိုး ဉီးရင်ခွင်ထဲဘဲအမြဲနေချင်မိတယ် ဉီးကခွန်းကို ဖက်ထားပေးမယ်
ဉီးကို ခွန်းဘယ်လောက်ပင်ပန်းကြောင်းတွေပြောရင်း ဉီးရင်ခွင်ထဲမှာ စိတ်ရှိလက်ရှိငိုပစ်မယ်..
ဒါလေးပါဘဲ ခွန်းလိုချင်တာ ဒီလောက်ပါဘဲ"

"ခွန်း ဒီမှာဉီးကိုကြည့်"

ဉီးဘုန်းမင်းညို ခွန်းတမျက်နှာလေးကို လက်နှစ်ဖက်ဖြင့်ငြင်သာစွာ ဆွဲယူလိုက်သည်။

"အဲ့လိုမျိုးတွေလျှောက်မတွေးပါနဲ့ကွာ
ကိုယ့်မှာအိမ်ထောင်ရှိတယ် ဆိုပေမယ့်
စိတ်ချပါ ကိုယ်ချစ်တာ မင်းအပြင်နောက်တစ်ယောက် မရှိဘူး ရှိလည်းရှိမလာစေရဘူး
ကတိနော် ခွန်းလေး..အရင်က ကတိတွေဖျက်ခဲ့ပေမယ့် ဒီတစ်ခါကတော့ အတည်ပါ
ခွန်းလေးရော ကိုယ့်လိုကတိတည်ပါ.."

ခွန်းတခြန္းတ(ongoing)Where stories live. Discover now