ခွန်းတ(24)

192 38 9
                                    

Unicode

"ဘုန်း!"

တံခါးဖြတ်ဝင်လာသံနဲ့အတူ လူမမြင်ရဘဲ မိုးဇော်ရဲ့နားဝင်ဆိုးလှတဲ့ ငှက်ဆိုးသံကိုကြားရသည်။

"ဇေ!ငါ့ကောင်ကြီးဇေ ညကအတီးခံ...."

အော်ပြဲရန်လုပ်နေတဲ့ မိုးဇော်ဟာ ခွန်းတ‌ပြင်ပေးထားတဲ့မနက်စာထမင်းကြော်လေးကို အပြုံးပန်းဆင်လျက် နှစ်ခြိုက်စွာစားသောက်နေသော သူတို့ ကုမ္မဏီဌက္ကဠဦးဘုန်းမင်းညိုကို တွေ့လိုက်ရချိန်မှာတော့ ပါးစပ်ထဲယင်ကောင်ဉဉနိုင်လောက်တဲ့ထိ အံဩရတော့သည်။ဘေးမှခင်မြကလဲအံဩနေကာ ‌ဦးဘုန်းမင်းညိုရဲ့ဘေးမှာပတ်တီးအဖွေးသားနဲ့ ဇေ့ကိုတွေ့ချိန်မှာတော့ တိုးတိုးတိတ်တိတ်လေးသာ ဦးဘုန်းမင်းညိုစားနေတာကို မနှောင့်ယှက်ဘဲမေးသည်။

"ဟဲ့..သူဌေးကဘာလို့ဒီရောက်နေတာတုန်း"

ဇေကတော့မျက်လုံးတစ်ပတ်လည်ကာ ဦးဘုန်းမင်းညိုကိုအနောက်မှနေ၍ ဘုကြည့်ကြည့်ကာ ခင်မြအဖြေကိုပြန်ဖြေသည်။

"ငါ့ကိုသူကယ်ပေးတာ"

"ဟယ်..ဟုတ်လား နင်တို့နှစ်ယောက်ကမတည့်ဘူးမဟုတ်လား အဲ့လိုကျတော့လည်း စိတ်ထားကောင်းသားပဲနော်"

"လိ့ထဲမှကောင်းလိုက် ငါတစ်ညလုံးခွန်းတအနားကိုမသွားရဘူး သူချည်းပဲငါ့လာဆေးထည့်လိုက် အစာကျွေးလိုက်နဲ့ အခုလည်းကြည့်ဦး ပတ်တီးစီးပေးထားတာ မျက်လုံးပေါ်နေလို့သာကံကောင်းတယ် လှုပ်လို့ကိုမရဘူး"

မိုးဇော်ကတော့ သူတို့သူဌေးဖြစ်တဲ့ဦးဘုန်းမင်းညိုကို စကားစမြည်ပြောနေခဲ့သည်။

"မိုးဇော်က ဦးဘုန်းမင်းညိုကိုသိလို့လား"

"နင်မသိဘူးလား ဦးဘုန်းမင်းညိုကဇော့်ရဲ့သူဌေးလေ ဇော်အလုပ်လုပ်နေတဲ့ကုမ္မဏီက သူပိုင်တာ"

"ဟုတ်လား..ငါမသိဘူးဟ"

ထိုစဉ်ဟင်းပန်းကန်လေးတွေဖြင့် ခွန်းတဟာထွက်လာကာ ခင်မြကိုပြုံးပြသည်။

"အမတို့လာမှာစောင့်နေတာ လာလာဝင်စားသွားကြ"

"အွန်း..အမတို့လဲ မနက်စာစားမလာတာနဲ့အတော်ဘဲ"

ခွန်းတခြန္းတ(ongoing)Where stories live. Discover now