ခွန်းတ(7)

396 49 4
                                    

Unicode

ဦးဘုန်းမင်းညိုကုမ္မဏီမှာ အလုပ်တွေကျန်သေးသော်လည်း အိမ်ပြန်လာခဲ့သည်။ဘာကြောင့်လဲဆိုတော့ အိမ်ကိုနိုင်ငံခြားမှမိဘများရုတ်ချည်း အလည်ရောက်လာမည်ဆိုကာ ဖုန်းဆက်သော ထက်စန္ဒာကြောင့်ဖြစ်သည်။
ချမ်းသာသည်ဆိုသည့်အတိုင်းပင် ကြီးမားလှသော စံအိမ်ရှေ့ကားဟွန်းတီးလေတော့ အပြေးအလွှား ဂိတ်လာဖွင့်ပေးသည့် ဦးကျော်စွေ။

"လူလေးကိုလည်းခုမှဘဲတွေ့ရတော့တယ်ကွယ်။အိမ်ပြန်မလာတာကြာလှပေါ့"

"အဖေနဲ့အမေလာမယ်ဆိုလို့ပြန်လာတာလေ။ပြီးရင် ကျွန်တော်ကုမ္မဏီပြန်သွားရမှာ အလုပ်တွေအများကြီးဘဲ ဦိးလေးရဲ့"

"ကဲ ဝင်ဝင် စံအိမ်ထဲမှာ မမလေးစောင့်နေတယ်ကွယ့်"

စံအိမ်ထဲသို့ဝင်လိုက်သည်နှင့် မွှေးကြိုင်လှသောဟင်းရနံ့များမှာမမြင်ရ‌တာတောင် စားချင်စဖွယ်ပင်။ဦးမင်းညိုစီကိုအပြုံးလေးနှင့်ကြိုဆိုသော ထက်စန္ဒာသည်မှာလည်း ကျက်သရေရှိလှပေသည်။

"မောင် ရေသွားချိုးလိုက်အုံး အဖေနဲ့အမေက
မရောက်သေးဘူး လာနေပြီလို့တော့ပြောတယ်"

"အေး"

ထိုသူနှစ်ယောက်၏ဆက်ဆံရေးမှာ အပေါ်ယံတွင်တော့နွေးထွေးပင်မဲ့ အတွင်းတွင်တော့ အပြစ်အနာဆာများလှပေသည်။

ရေချိုးပြီးနောက်အောက်ဆင်းလာသည့် ဦးမင်းညိုမှာ အကြာကြီးနေမှအိမ်ပြန်လာခဲ့သော်လည်း ပျော်ရွှင်ခြင်းမရှိပေ။

"မောင် ရေချိုးပြီးပြီလား။လာ ထက် ဇက်နှိပ်ပေးမယ် မောင်အလုပ်တွေလုပ်နေရတော့ ညောင်းရောပေါ့"

တကယ်လည်းပင်ပန်းလာသည့်အတွက် ဦးမင်းညိုငြိမ်ငြိမ်လေးသာ နေလိုက်တော့သည်။

"ထက်"

"ပြောလေ မောင်"

"မင်းဘယ်တော့ ကွာရှင်းပေးမှာလဲ"

နှိပ်ပေးနေသည့် လက်ချောင်းကလေးများရပ်တန့်သွားသည်။တကယ်ပါ မောင်သည်ရက်စက်လွန်းပါပေသည်..။ဇက်ကြောနှိပ်ပေးသည့် ကျွန်မဟာ မောင်နောက်မှာရှိ‌သည်မို့
တော်‌ပါသေးသည်။မျက်လုံးတွေကို ဖုံးထားမိတယ်။ကျွန်မငိုနေတယ်ဆိုတာမှန်း မောင်ကိုမသိစေချင်ပေ။ကိုက်ထားသည့် နှုတ်ခမ်းနုနုလေးဟာ သွေးတောင်ထွက်ချင်သယောင်ယောင်ပင်။

ခွန်းတခြန္းတ(ongoing)Where stories live. Discover now