ခွန်းတ(13)

309 43 9
                                    

Unicode

"အမ အဲ့အထုတ်‌တွေကဘာတွေလဲ"

"ခွန်းတို့အိမ်မှာ ဟင်းချက်စားမလို့လေ ဇေနေမကောင်းတော့ ခွန်းကဘာလုပ်ရမှန်းသိမှာမှမဟုတ်တာ အဲ့တာကြောင့်ခဏလာနေတာ"

"ညလည်းလာအိပ်မှာလားဟင်"

"ညထိတော့မနေတော့ပါဘူး လင်လင်နှစ်ယောက်အေးဆေးနေရအောင်ပေါ့ ဟဲဟဲ"

"ဟမ်?"

အူကြောင်ကြောင်နှင့် ပြောသည့်စကားကိုနားမလည်သည့် ခွန်းတကိုကြည့်၍ ခင်မြသဘောပေါက်သွားသည်။
သူတို့ အဲ့အဆင့်ထိမရောက်သေးဘူး!!!!
အိပ်နေသည့် မိုးဇော်နားထိုင်နေသည့် ခွန်းတကို လက်ဆွဲကာ ‌မီးဖိုချောင်ဘက်ခေါ်လာခဲ့သည်။ထို့နောက်တိုးတိုးတိတ်တိတ်လေး မေးသည်။

"မင်းတို့အဲ့အဆင့်ထိ‌မရောက်သေးဘူးလား"

"ဘာအဆင့်လဲ?ဒါနဲ့ဘာလို့ အမကတိုးတိုးပြောနေတာတုန်း"

"မေးတာကိုသာဖြေစမ်းပါ"

"ဘာကိုမေးတာလဲကျွန်တော်မှမသိတာ အဲ့အဆင့်ဆိုတာဘာကြီးလဲ"

ခင်မြဟာ 👉👌ပုံစံလုပ်ပြလိုက်ပြီး သွင်းလိုက်ထုတ်လိုက်လုပ်ပြသည်။သို့ထိတိုင် ခွန်းတသဘောမပေါက်သေး။စဉ်းစားနေပြီး ခဏကြာတော့ ပါးစပ်လေးကိုလက်ဖုံးကာ တစ်မျက်နှာလုံးနီရဲပြီး ခင်မြကိုဘုကြည့်ကြည့်လိုက်သည်။ခွန်းတသဘောပေါက်ပြီမှန်း သိလိုက်သည့် ခင်မြကတော့ စပ်ဖြဲဖြဲမျက်နှာကြီးဖြင့် မျက်ခုံးများပင့်ပြနေခဲ့သည်။

"ကျွန်..ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူး!"

စိတ်ဆိုးနေသည့် ခွန်းတကိုဒီထက်ပိုမေးနေလျှင် ပြသနာတက်မည်မို့ ခင်မြပြန်ချော့ရသည်။နာရီဝက်လောက်ထိုင်ချော့နေရသည့်တိုင်အောင် ခုထိစိတ်ဆိုးမပြေသေးပေ။

"စိတ်ဆိုးပြေပါတော့ခွန်းရယ် လာနေ့လယ်စာလုပ်ရအုံးမယ် ကူပေးအုံး"

လက်လေးပိုက်ကာ ဟိုဘက်ကိုမျက်နှာလေးလှည့်သွားသည့် ခွန်းတ။

"ခွန်း ဒါဆိုအမတို့ပြန်တော့မှာနော်"

ချက်ချင်းပင် ခွေးပေါက်လေးလို ခင်မြကိုဖက်ကာ မသွားပါနဲ့ဆိုပြီး ပါပီမျက်လုံးလေးများဖြင့် ချွဲနေခဲ့သည်။ရုတ်တရက် ခွန်းတကိုယ်ပေါ် အမြှီးနှင့်နားရွက်လေးများ ထွက်လာတော့မည်လားပင် ထင်ရသည်။ဇေထိုကလေးကို သဲသဲလှုပ်ချစ်တာလဲမပြောနှင့် ခွန်းတဟာသိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။

ခွန်းတခြန္းတ(ongoing)Where stories live. Discover now