ခွန်းတ(1)

1.6K 91 11
                                    

Unicode

‌"ဟေ့ဟျောင့် ငါတို့ဒီနေ့ဘားသွားကြမလား"

"တော်စမ်းပါကွာ ငါဒီနေ့တော်တော်ညစ်နေတာနော်"

"မင်းကလည်းညစ်နေရင်ပိုတောင်သွားလို့ကောင်းသေး ငါနေရာကောင်းလေး‌တွေ့ထားတယ်ကွ"

ဇေတစ်ယောက်ဒီနေ့တော်တော်ညစ်နေတာကြောင့်မိုးဇော်ခေါ်တဲ့နေရာလိုက်ဖို့သဘောတူလိုက်သည်။

"ဟေ့ဟျောင့်မိုးဇော် ငါအရင်ကဒီရောက်ဖူးတယ်ကွ ဖီးလ်မလာပါဘူးကွာ တစ်ခြားနေရာပြောင်းရအောင်"

"ပြန်ရင်မင်းဘဲပြန် ဒီနေ့အလှလေးတစ်ယောက်ရောက်လာတယ်ကြားတယ်ဟ"

"အလှလေးများ မျက်စိရှေ့တင်အများကြီး"

"မဟုတ်ဘူးလေကွာ ထားပါ ငါဘီယာသွားယူဉီးမယ် မင်းနေရာရှာထား ခဏနေအလှလေးလာတော့မှာ ဟဲဟဲ"

ဇေကိုမျက်စပစ်ပြနေတဲ့ မျက်နှာခြေမှုန့်တွေအထူသားနဲ့မိန်းကလေးတွေကိုကျော်ပြီး ဂျောင်ကျကျတစ်နေရာတွင်‌ ဇေနေရာယူလိုက်သည်။
၅မိနစ်အကြာမိုးဇော်လက်ထဲဘီယာ၂ပုလင်းနဲ့ရောက်လာလေပြီ။

"မင်းကလည်း ဒီလိုဂျောင်ကျနေတဲ့နေရာရွေးမှတော့ ဘယ်စော်ကငါတို့ကိုမြင်မှာလဲကွ"

"ငါတို့ကစော်ရှာဖို့လာတာမို့လို့လား"

"မင်းလိုပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကတော့
ပြောအားရှိမှာပေါ့ကွ ဘော"

ဟုတ်သည်။ဇေသည်သာမန်သာနေထိုင်တတ်သော်လည်း ညိုသည်လည်းမဟုတ်ဖြူသည်လည်းမဟုတ်သောအသား‌အရေ နက်မှောင်သောဆံပင် စူးရှတဲ့မျက်လုံးနှင့်ဘော်ဒီတောင့်ဖြောင့်နေတဲ့အတွက်လူများကြားအမြဲထင်ပေါ်နေတတ်သည်။

ထိုစဉ် စတိတ်စင်ပေါ်သို့သက်လက်ပိုင်းလူကြီးတစ်ယောက် တက်လာခဲ့သည်။

"ဟေ့ဟျောင် ဟိုမှာစတော့မယ်ထင်တယ်"

မိုးဇော်ဒီလောက်ဖြစ်နေတဲ့အလှလေးဘယ်သူဖြစ်မလဲ သိချင်မိတာကြောင့် ဇေတစ်ယောက်စတိတ်စင်ဘက်အာရုံစိုက်ထားမိသည်။

"လူကြီးမင်းတို့ စောင့်လိုက်ရတဲ့အတွက်အားနာပါတယ်။အခု ဒီကိုအသစ်ရောက်လာတဲ့ကောင်လေး ဖျော်ဖြေပေးမှာဖြစ်ပါတယ်။လူကြီးမင်းတို့ကြိုက်မယ်လို့မျှော်လင့်ပါတယ်။"

ခွန်းတခြန္းတ(ongoing)Where stories live. Discover now