ခွန်းတ(34)

241 40 7
                                    

{Unicode}

မနက်ဝေလီဝေခင်းအချိန် ကြေးငှက်သံလေးတွေဟာ ခေတ်ဟောင်းဂီတတစ်ပုဒ်လို အေးချမ်းသာယာစွာ ထွက်ပေါ်လျက်ရှိသည်။ပြတင်းပေါက်မှ တစ်စိုးတစ်စဝင်ရောက်လာသော နေရဲ့အလင်းရောင်တွေဟာ ဖြူစင်ဝင်းပသောမျက်နှာလေးပေါ်ကျရောက်လာတဲ့အခါ ကော့ညွှတ်နေတဲ့မျက်တောင်အစုံဖြင့် မျက်ဝန်းညိုလေးတစ်စုံဟာ ပွင့်ဟလာခဲ့သည်။

ခွန်းတနိုးလာတော့ ရင်ခွင်အကျယ်ကြီးထဲကို ရောက်နေခဲ့သည်။ဘယ်သူလဲ‌သိနေသည့်သူအတွက် နွေးထွေးစွာ‌ပြုံးယုံမှတစ်ပါး ဘာများရှိမည်လဲ။‌မထသေးဘဲ ဇေ့မျက်နှာချောချောလေးကို တစိမ့်စိမ့်ငေးကြည့်နေမိသည်။အရင်ရက်တွေနှင့်မတူသည်က ထိုအမျိုးသားဘေးတွင် တစ်ဖန်အိပ်စက်ခွင့်ရခဲ့ပေပြီ။

နေရောင်တွေဟာ မောင့်မျက်နှာပေါ်ကို ကျရောက်လာတော့ စိတ်ဆိုးစွာဖြင့်နေမင်းကြီးကို ကြည့်မိသည်။အိပ်ရာမှထကာ အလင်းများဝင်ရောက်နေတဲ့ ပြတင်းပေါက်ကိုပိတ်သည်။မောင်များနိုးသွားမည်လား စိုးရိမ်၍ကြည့်မိတော့ ပင်ပန်းနေသည်ထင် နှစ်ခြိုက်စွာအိပ်ပျော်နေကာ ဟောက်သံတောင်ထွက်နေခဲ့သည်။

ရေမိုးချိုးအဝတ်လဲပြီးတော့ မောင်မနိုးအောင်ဂရုပြု၍ မောင့်နဖူးကိုနူးညံ့စွာနမ်းသည်။သို့ထိတိုင် အိပ်နေလိုက်တာများ...။

တကယ်ပါပဲ အေးချမ်းရတဲ့ မြတ်နိုးဖွယ်ရာလေး။

ခြေဖျားထောက်ကာ အိမ်ပြင်ထွက်လာ‌ပြီးနောက် ဦးတည်သည်က အမခင်မြတို့စီဖြစ်သည်။ဟိုရောက်တော့လည်း ခင်မြတို့ကဝမ်းပမ်းတသာကြိုဆိုကြ၏။

"ခွန်းလေးဒီကိုဘာလာလုပ်တာတုန်း"

"ဟီးဟီး..အဲ့တာကလေ ဇေကခုမှထောင်ကလွှတ်လာတော့ ကျွန်တော်ဖွယ်‌ဖွယ်ရာရာလေး‌ချက်‌ကျွေးချင်လို့ အမလည်းသိတဲ့အတိုင်းဘဲ ကျွန်တော့်ဟင်းချက်စကေးက..ဟဲဟဲ"

"အဲ့တော့ ခွန်းကအမစီကဟင်းချက်လာသင်တယ်ပေါ့"

"အွန်း!"

ခွန်းတဟာ မျက်လုံးလေးများ တလက်လက်‌ဖြင့် စိတ်အားထက်သန်စွာ ပြန်ဖြေသည်။

ခွန်းတခြန္းတ(ongoing)Where stories live. Discover now