“...”

ဝမ်းနည်းညှိုးငယ်နေသော ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ရသောအခါ အန်းရှသည် ပြန်ပြောရန် စကားလုံးများ ပျောက်ရှသွားတော့သည်။

မော့ယွီစန်းနှင့် ထောင်ကျစ်ရှင်းကို မမြင်တွေ့လိုသဖြင့် မိမိဘဝကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိနေသော ထိုအမျိုးသမီး၏ စိတ်ကို သူမသည် နားမလည်နိုင်တော့ပါ။

သူမအနေဖြင့် မိမိဘဝနှင့် ကျန်းမာရေးအတွက်တော့ မည်သည်ကမျှ ပို၍ တန်ဖိုးမရှိဟု ထင်မြင်မိသည်။

နောက်ဆုံးတွင်တော့ အန်းရှသည် မိမိ၏ ဘဝကို လိုလိုလားလားဖြင့် စွန့်လွှတ်ထားသော မူလပိုင်ရှင်၏ တောင်းဆိုချက်ကို သဘောတူ လက်ခံလိုက်တော့သည်။

“ကောင်းပါပြီ။ ကျွန်မ ရှင့်ကို ကတိပေးပါတယ်။ ကျွန်မ ရှင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်။ ရှင့်ရဲ့ မိဘတွေကို ကျွန်မရဲ့ မိဘအရင်းတွေလို သဘောထားပြီး လေးလေးစားစား ဆက်ဆံပါ့မယ်။ ကျွန်မကိုယ် ကျွန်မလည်း သားသမီးကောင်း တစ်ယောက်လိုနေထိုင်ပြီး သူတို့ကို ကောင်းကောင်းမွန်မွန် ပြုစု စောင့်ရှောက်ပါ့မယ်”။

သူမ၏ ကိုယ်ပိုင်မိသားစုနှင့်တော့ ကောင်းမွန်သော ဆက်ဆံရေး မရှိခဲ့သလို မိဘများ၏ ချစ်ခင်ယုယမှုများကိုလည်း မခံစားခဲ့ရသော်လည်း မူလပိုင်ရှင်သည် သူမကို ဤကဲ့သို့ တန်ဖိုးရှိလှသော ခန္ဓာကိုယ်ကို ပေးထားသောကြောင့် သူမသည် မူလပိုင်ရှင်၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန် အစွမ်းကုန် ကြိုးစားပေးရမည်သာ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်...”။

“ဒီကိစ္စတွေအပြင် ရှင့်မှာ အခြား ဆန္ဒတွေရော ရှိသေးလား”။

အန်းရှသည် ဤကျန်းမာလှသော ခန္ဓာကိုယ်သည် အလွန် တန်ဖိုးရှိလှသည်ဟု ခံစားရသည်။

မူလပိုင်ရှင်၏ သူမ၏ မိဘများကို စောင့်ရှောက်ပေးစေချင်သော ဆန္ဒသည် သေးငယ်လွန်းလှသည်။ သူမသည် တစ်ဖက်သားအပေါ်တွင် ထိုကဲ့သို့ အသားစီး မရယူလိုပေ။

“မင်းအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မရဲ့ ကျားရှုကို ကောင်းကောင်းမွန်မွန် ပြုစု စောင့်ရှောက်ပေးနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ်”။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now