Part 1

15.9K 1.3K 193
                                    

#Unicode

"Jeon Jungkook .. မင်း ဘယ်တော့မှ ဒီအချိုးတွေကိုပြင်မှာလဲကွာ"

စိတ်ရှုပ်နေရတဲ့ ဖခင်ဖြစ်သူကိုကြည့်၍ Jungkook မဲ့ပြုံးပြုံးလိုက်သည် ။
အဖေ့ကို စိတ်ညစ်အောင်လုပ်နိုင်တာမို့ သူပျော်သည် ။
အစကတည်းက သူဖြစ်ချင်တာကို အသာတကြည်ဖြစ်ခွင့်ပေးခဲ့မယ်ဆိုရင် အခုလိုတွေဖြစ်လာရမှာမဟုတ်ပေ ။

"ဘာလို့လဲ.. ဒါက ကျွန်တော့်ပုံစံပဲလေ ။ အဆင်မပြေတာဘာရှိလို့လဲ"

"တစ်ခါလောက်ပဲဖြစ်ဖြစ် ကောင်းကောင်းနေစမ်းပါ ။ မင်းက ထိပ်တန်းမင်းသားတစ်ယောက်ဆိုတာမမေ့နဲ့"

Jungkook ဟက်ခနဲရယ်လိုက်မိသည် ။
ထိပ်တန်းမင်းသားတဲ့လား .. ဘယ်သူက အဲ့လိုဖြစ်ချင်ခဲ့လို့လဲ ။
ဝါသနာမပါသလို စိတ်လဲမဝင်စားတာတောင် ဒီနေရာကို ရောက်လာခဲ့သည် ။

"အာရုံထဲကိုမရှိတာမို့ လုပ်ချင်ရာလုပ်မှာ"

Jungkook ကားသော့ကိုရမ်း၍ နေရာကနေထွက်လာခဲ့လိုက်သည် ။
အဖေ့ကို အရွဲ့တိုက်ချင်စိတ်ကြောင့် အဖေ့ Company မှာ မင်းသားလုပ်ခဲ့သည် ။
အောင်မြင်မယ်လို့ မထင်ထားခဲ့ပေမယ့် စန်းကြောင့်လားမသိ တန်းပြီးအောင်မြင်ခဲ့သည်။
လူတွေချစ်အောင်နေမပြခဲ့ပေမယ့် လူတွေကသူ့ကို သည်းသည်းလှုပ်ချစ်ကြသည် ။
သူလုပ်ချင်ရာတွေလုပ်နေလဲ လက်ခုပ်တီးကာ အားပေးမယ့်သူတွေရှိနေသည် ။
သူ့ရည်ရွယ်ချက်အောင်မြင်ခဲ့ပေမယ့် အဖေကတော့ Company အတွက် မျက်ခုံးလှုပ်နေ၏။

**

"ကူညီပါအုံး Taehyung ရယ် .. အမခွင့်ယူလို့လဲမရလို့ပါ ။ အရမ်းအရေးကြီးနေတာမို့ သတင်းကလဲ ရအောင်ယူမှရမှာမို့ပါ"

သတင်းထောက်အစ်မ Yoon Hee က Jeon Jungkook ၏ သတင်းစာရှင်းလင်းပွဲအတွက် သတင်းယူပေးဖို့ အကူအညီတောင်းနေတာဖြစ်၏ ။ ရင်းနှီးနေတာမို့ မကူညီနိုင်ဘူးဟု ပြောလို့လဲမရပေ ။

"ကျွန်တော်က ဘယ်လိုကူညီပေးရမှာလဲ"

သူ့စကားကြောင့် အစ်မ Yoon Hee ၏မျက်နှာက ဝင်းလက်သွားကာ

"Company ကို ပြောပေးထားမှာမို့ အဲ့ဒီနေ့ကျရင် ရောက်အောင်လာခဲ့ပေးနော်"

I Will Make You Mine(Completed)Where stories live. Discover now