Part 13

10.1K 989 131
                                    

#Unicode

"မင်းသား.. ဒီမှာ"

ကြော်ငြာရိုက်အပြီးတွင် မန်နေဂျာ Woo Young က ကပျာကယာဖြင့် ဖုန်းကိုလာပြသည် ။
Jungkook လဲ Woo Youngလက်ထဲကဖုန်းကို အလျင်အမြန်ပင်ယူ၍ ကြည့်လိုက်၏။

"ဒီကိစ္စကို ငါဘာလို့မသိလိုက်ရတာလဲ"

Jungkook အမှန်တကယ်ပင် ဒေါသထွက်လွန်း၍ လက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်မိသည် ။
Kim Taehyung က Lee Young Jay၏ ပွဲကို တက်ရောက်ခဲ့တဲ့ပုံတွေပါလာသည် ။
သာမန်ဆိုရင် လူတွေက သိပ်ပြီးဂရုစိုက်မှာမဟုတ်ပေမယ့် Taehyung ၏ ရုပ်ရည်ကြောင့် သူက ဘယ်သူလဲ ၊ ဘယ် Companyကလဲ ၊ Lee Young Jay နှင့် ဘယ်လို ပတ်သက်နေလဲဆိုတဲ့ မေးခွန်းတွေပေါ်လာခဲ့သည် ။

"တောက်!"

ခံပြင်းလွန်း၍ တောက်ခေါက်လိုက်မိသည်။ Taehyung နှင့်သူက တစ်အိမ်ထဲနေပြီး လက်ထပ်ထားတဲ့သူတွေဖြစ်နေပေမယ့် အခုလိုကိစ္စကို အင်တာနက်မှာပျံ့လာမှသာ သူကသိရသည် ။
Lee Young Jay ၏ ပွဲနှင့်ပတ်သက်၍ Taehyung ကသူ့ကို ခွင့်မတောင်းခဲ့သလို ဘာတစ်ခုမှလဲ အသိမပေးခဲ့ပေ ။

"ကျန်တဲ့ ရိုက်ကူးရေးတွေအားလုံးကို ဖြတ်လိုက်တော့ ။ ဒီနေ့ လုံးဝစိတ်မပါတော့ဘူး"

မန်နေဂျာနှင့် အကုန်လွှဲပစ်ခဲ့ပြီး ကားသော့ကိုယူကာ ထွက်လာလိုက်တော့သည်။
အခုချိန်မှာ Lee Young Jayကို စိတ်တိုပြီး Kim Taehyung ကို ဒေါသထွက်နေတာပဲရှိတော့သည် ။
ကျန်တာ ဘာတစ်ခုမှ သူမတွေးတောနိုင်တော့ပေ ။

-
-
-

"မဟုတ်ဘူး Jungkook ... ကျွန်တော်ရှင်းပြပါ့မယ်"

"တော်စမ်းပါ .. အခုလိုပုံတတ်လာမှ ငါကသိရတယ် ။ မင်းငါ့ကို ဘယ်လိုသဘောထားနေတာလဲ Tae! ဒီကိစ္စမျိုးကိုတောင် ငါ့ကိုအသိပေးဖို့ စိတ်ကူးမရှိတာလား!"

Jungkook လက်သီးကိုသာတင်းနေအောင်ဆုပ်ထား၍ ဒေါသကိုရလောက် ဖြေလျှော့နေရသည် ။ မဟုတ်ရင် Taehyung ကို သူတစ်ခုခုလုပ်မိမှာ သေချာသည် ။
Taehyung ဘက်က ဖြေရှင်းချက်တွေကို နားထောင်ပေးချင်ပေမယ့် အဲ့ဒီဖြေရှင်းချက်တွေကြောင့် သူပိုပြီး ဒေါသထွက်လာလျှင် ခက်တော့မည် ။

"ကျွန်တော် သွားခဲ့တာမှန်ပေမယ့် ပန်းစည်းပေးပြီးပြီးချင်းပဲ ပြန်လာခဲ့တာပါ ။ အခုလိုပုံတွေမထွက်လာအောင် ကျွန်တော် ဆင်ခြင်ခဲ့ပါတယ်"

I Will Make You Mine(Completed)Where stories live. Discover now