Part 6

11.8K 1.1K 133
                                    

#Unicode

Jeon Jungkook နှင့် Shooting ကိုလိုက်သွားခဲ့ပြီး အပြန်တွင် Jungkook ကသူ့အား မကြည့်သလို အရေးလဲမလုပ် ၊ အခေါ်အပြောလဲမလုပ်ပေ ။
အိမ်ကိုပြန်လာသော်လဲ သူလုပ်စရာရှိတာတွေသာလုပ်သွားပြီး ပြန်သွားသည် ။
Taehyung ကို ကိုယ်ပျောက်လူသားသဖွယ်ပြုမူနေ၏ ။
Jungkook ကို မှီခိုပြီး Jungkook အိမ်မှာနေရသည့် Taehyung မှာ ရုတ်တရက်ကြီး သူစိမ်းတစ်ရံဆံသွားတဲ့ Jungkook ကြောင့် အနေကျပ်ရသည် ။
စကားပြောဖို့ကြိုးစားချင်ပေမယ့် မာနကတားမြစ်ထားသည်ကြောင့် မပြောဖြစ်ပေ။

"ဟွန့်.. တကယ်ဆိုရင် သူကသာငါ့ကို ကြိုက်တယ်ပြောပြီး အတင်းအကျပ်ယူထားတာပဲလေ ။ ငါကဘာလို့ တွယ်ကပ်နေရမှာလဲ ။ သူက နာမည်ကြီးတဲ့မင်းသားဖြစ်ပါစေအုံးပေါ့.. ငါ့ဘက်က မဖြစ်မနေခေါ်စရာမှမလိုဘဲ"

Taehyung တစ်ယောက်ထဲ ရေရွတ်လိုက်ရင်း နေသာအောင်နေလိုက်သည် ။
ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိတဲ့ Jungkook ရဲ့စိတ်ကိုလဲ သူနားမလည်နိုင်တော့ပေ ။
Jungkook က နားလည်ဖို့ခက်ခဲလွန်း၏။

"တီ...တီ...တီ"

တတီတီမြည်လာတဲ့ဖုန်းသံလေးကြောင့် အတွေးတွေကိုရပ်တန့်ကာ ဖုန်းကိုင်လိုက်သည် ။

"ဟုတ်ကဲ့ Kim Taehyung ပါဗျ"

"....."

"အာ .. ဟုတ်ပါပြီ "

"....."

"ကောင်းပါပြီ ။ စိတ်ချပါ .. ကျွန်တော် စုံစမ်းပေးပါ့မယ်"

မူးယစ်‌ဆေးဝါးမှုတစ်ခုကို Taehyung ကိုင်တွယ်ရမှာဖြစ်သည် ။
အနုပညာအသိုင်းအဝိုင်းက နာမည်ကြီးတစ်ယောက်သည် မူးယစ်‌ဆေးဝါး မှောင်ခိုကူးကာ အမြတ်ထုတ်နေသည်တဲ့လေ။
သို့ပေမဲ့ ဘယ်လိုမှဖမ်းဆီးလို့မရအောင် လျင်လွန်းတဲ့ လူကြောင့် ဘယ်သူဘယ်ဝါဆိုတာပင် သဲလွန်စမရပေ ။
ထိုလူကို Taehyung ကစုံစမ်းပေးရမည် ။ ပြီးလျှင် ရဲလက်ကိုအပ်ပေးဖို့ဖြစ်သည် ။
ပုံမှန်ဆိုရင် ခက်ခဲလိမ့်မည်ဆိုပေမယ့် အခုတော့ Jungkook ရှိနေသည်မို့ ထင်ထားတာထက်လွယ်ကူနိုင်သည် ။
Jungkook ကို ချဥ်းကပ်ပြီး အနုပညာအသိုင်းအဝိုင်းထဲကို တိုးဝင်လို့ရသည်မို့ ထိုလူကို Taehyung စုံစမ်းနိုင်ပါလိမ့်မည် ။

I Will Make You Mine(Completed)Where stories live. Discover now