Part 7

10.9K 1K 135
                                    

#Unicode

ထိုလူနှစ်ယောက်ဝင်သွားသည့် အခန်းထဲကို Taehyung ချောင်းကြည့်နေမိသည် ။
စကားပြောတာမျိုးတော့မရှိပေ ။
ထို့နောက် Suit ဝတ်ထားတဲ့ အမျိုးသားက အပေါ်ဝတ်တွေကိုချွတ်နေ၏ ။
တစ်ခုခုမှားယွင်းနေပြီဆိုတာ Taehyung သိလိုက်သည် ။
သို့သော်လည်း သေချာချင်တာကြောင့် ဆက်ပြီးချောင်းကြည့်နေလိုက်၏ ။

မူးယစ်‌ဆေးလို့ထင်ရသည့် အထုတ်လေးကို ကိုက်ဖောက်လိုက်သည် ။

"လခွမ်း... Condom ကြီးလား"

Taehyung မျက်နှာမှာ ခရမ်းချဉ်သီးလိုရဲတတ်သွားခဲ့သည် ။
မသင်္ကာလို့ လိုက်လာခဲ့သည်က အခုတော့ ရှက်စရာကိစ္စကို လာချောင်းတာနှင့်တူနေလေပြီ ။
ဒါက မူးယစ်‌ဆေးဝါးနှင့် လားလားမျှမသက်ဆိုင်တော့ပေ ။

"သေလိုက်ပါတော့ Kim Taehyung ရယ်"

ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ကာ ကျိန်ဆဲပြီးနောက် လှည့်ထွက်ဖို့ပြင်လိုက်သည် ။ သို့သော်လည်း ခြေခေါက်၍ အခန်းတံခါးကို ခေါင်းနှင့်ဝင်ဆောင့်လိုက်မိ၏။

"ဘယ်သူလဲ!"

အခန်းထဲကထွက်လာတဲ့ ကျယ်ကျယ်လောင်လောင် အသံကြောင့် Taehyung လန့်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည် ။
မိသွားလျှင် နုတ်နုတ်စင်းခံရမှာသေချာသည်။
ကြံရာမရဖြစ်ပြီး ကြောက်အားလန့်အားနှင့် အနည်းငယ်ဟနေတဲ့အခန်းတံခါးကိုဆွဲဖွင့်ပြီး ဝင်လိုက်သည် ။

"ဟူးး"

သက်ပြင်းချပြီးနောက် အခန်းထဲကို တစ်ချက်ကြည့်လိုက်သည် ။

"ဟင်!"

အခန်းထဲတွင် ဖဲကစားနေကြသည့် ယောက်ျားစုကြီးက သူ့အား စူးစမ်းကာဝိုင်းကြည့်နေကြသည် ။
လူဆိုးလိုလို ဘာလိုလိုနှင့် ကြောက်စရာကောင်းသည့်လူတွေက ဝိုင်းကြည့်နေကြသည်မို့ Taehyung လန့်သွားသည် ။
မသိမသာ တံတွေးမျိုချလိုက်ပြီး သွားဖြီးကာ

"တွေ့ရတာ ဝမ်းသာပါတယ်"

ထိုလူတွေက သူ့ကိုပြန်မနှုတ်ဆက်ကြဘဲ ရုပ်တည်ကြီးတွေနှင့်သာ ဝိုင်းကြည့်နေကြပြန်သည် ။ပြန်ထွက်ပြေးရင်လဲ ထိုလူအုပ်ကြီးက သူ့ကိုလိုက်ရိုက်ကြမှာသေချာသည်။Club ထဲမှာပင် မရှုမလှနှင့် အသက်ပျောက်ရမည်ဖြစ်၏ ။

I Will Make You Mine(Completed)Where stories live. Discover now