Part 22

11.2K 1K 150
                                    

#Unicode

Taehyung ခေါင်းအေးအေးထားပြီးသေချာစဥ်းစားကြည့်တော့မှသာ အရက်မူးပြီးပြောခဲ့တဲ့စကားတွေကို မှတ်မိတော့၏ ။
သူတကယ်ပဲလွန်သွားခဲ့တာဖြစ်သည် ။
ချစ်ကြောင်းဝန်ခံဖို့ဆုံးဖြတ်ထားသည်ကို Anti Fan ပါဟု ဝန်ခံခဲ့သည်တဲ့လား။
ပြီးတော့ ဘုမသိဘမသိနှင့် စိတ်ရင်းတွေပါဟုက ဖြေလိုက်သေး၏။
Jungkook စိတ်ဆိုးတာကလွန်မည်မထင်..
သူကသာ လွန်သွားခဲ့တာဖြစ်၏။

ဘယ်ကနေဘယ်လိုစပြီး တောင်းပန်ရမလဲဆိုတာလဲမသိတော့ပေ ။
Jungkook ကသူ့ကို စကားမပြောသလို ၊ မျက်နှာချင်းတောင်ဆိုင်တာမဟုတ် ။

ဒီလိုနဲ့ပဲ ထပ်ပြီးဝေးသွားကြမယ်ဆိုရင် သူတကယ်ပဲ ဘယ်လိုလုပ်ပါ့မလဲ ။

"ဟူး .. တော်တော်လေးကို ဂြိုဟ်မွှေတဲ့အရက်ပဲ ။ တကယ်ပဲ မသောက်ခဲ့သင့်ဘူး"

ရဲဆေးတင်သည့်အနေနှင့် ကြိုးစားပမ်းစားသောက်ခဲ့သည်က အခုလိုဖြစ်ဖို့မဟုတ်..
Jeon Jungkook ကို မဆုံးရှူံးချင်သည်မို့ ချစ်တယ်ဆိုတာလေးကို သိစေချင်ရုံလေး ။
အခုတော့ အခြေအနေတွေက ထင်ထားသလိုဖြစ်မလာဘဲ ကမောက်ကမသာဖြစ်ကုန်သည်။

"ငါ့ကို အရက်သောက်ဖို့အကြံပေးတဲ့ Kim Jiyoon .. တစ်သက်လုံး ယောက်ျားမရပါစေနဲ့"

Taehyung စိတ်ညစ်လွန်းတာကြောင့် ညီမဖြစ်သူ Kim Jiyoonကိုသာ အပြစ်တွေပုံချပြီး ကျိန်ဆဲလိုက်သည် ။
Kim Jiyoon သာ အဲ့ဒီလိုအကြံမပေးခဲ့ရင် သူလဲ အရက်သောက်ဖြစ်လိမ့်မည်မဟုတ်...

**

"သူ ကျွန်တော့်ကို အော်လွှတ်ရင်ဘယ်လိုလုပ်မလဲ ။ သူ့မျက်နှာကြီးကိုလဲကြည့်အုံးလေ .. သုန်မှုန်နေတာပဲ"

မန်နေဂျာ Woo Young က သွားချော့ဖို့အတွက် Taehyung ကို တွန်းပို့နေပေမယ့် Taehyung မသွားရဲပေ ။
Jeon Jungkook ၏ မျက်နှာက အဝေးကကြည့်တာတောင် သုန်မှုန်နေတာပင် ။
သူသွားပြီးချော့မှ ပိုဆိုးသွားရင် ခက်တော့မည်။
ပြီးတော့ ရိုက်ကူးရေးလုပ်နေသည်မို့ လူတွေအများကြီး ရှိနေပြန်သည် ။
အဲ့ဒီလိုအချိန်မှာသာ သူ့ကိုအော်လွှတ်ခဲ့ရင် သူရှက်လို့သေလိမ့်မည်။

"Taehyung မချော့တော့ပိုဆိုးတာပေါ့ ။ မင်းသားရဲ့ ရာသီဥတုကမသာယာတော့ဘူးလေ... ရိုက်ကူးရေးတစ်ချိန်လုံးလဲ သူအလိုကျတာကိုမရှိတော့ဘူး ။ မြင်မြင်သမျှ အကုန်မဲနေတာ"

I Will Make You Mine(Completed)Where stories live. Discover now