Part 23(Final)

17K 1.1K 122
                                    

#Unicode

"မင်းသားရေ တော်ပါတော့ဗျာ.. Script ဖတ်ပါတော့လို့"

Taehyung Shooting ပါလာသည်နှင့် Taehyung ကိုသာ အရိပ်တကြည့်ကြည့်နှင့် လိုက်ကြည့်နေပြီး ဘာမှအာရုံမရတော့တဲ့ မင်းသားကြောင့် မန်နေဂျာ Woo Young မှာ တော်တော်လေး စိတ်ပျက်နေရလေသည်။

မင်းသားရဲ့ခေါင်းက Taehyung ရှိရာကိုသာအမြဲစောင်းနေတာမို့ အိမ်မှာမတွေ့ရဘူးလားဟုတောင် Woo Young တွေးမိသေး၏။

"ဘယ်လိုဖြစ်နေတာလဲ.. Script က ဖတ်ပြီးပြီ "

Jungkook က Woo Young ကိုမကြည့်ဘဲ ပြောလိုက်သည် ။

"ပြန်ဖတ်လေဗျာ.. ခဏနေရင် ဇာတ်ကားကရိုက်တော့မှာ"

"မရှည်နဲ့"

Jungkook ဘောက်ဆတ်ဆတ်ပြော၍ အရှေ့ကနေပိတ်နေတဲ့ Woo Young၏ ခေါင်းကိုတွန်းဖယ်ကာ မလှမ်းမကမ်းမှာရှိနေတဲ့ Taehyung ကိုသာစိုက်ကြည့်နေလိုက်၏။
Jungkook ကြည့်နေတာကိုသိတဲ့ Taehyung ကလဲ ငါးခူပြုံးလေးပြုံးကာ အထာတွေပေးနေတော့သည် ။

အခုမှ ချစ်သူရည်းစားတွေလိုလို ၊ ဘာလိုလိုနှင့် အကြည်ဆိုက်နေကြတဲ့ မင်းသားတို့အတွဲကိုကြည့်၍ Woo Young သက်ပြင်းချရုံသာတတ်နိုင်တော့သည် ။

နှစ်ယောက်သားက တကယ့်ကို အကဲပိုလွန်းပါသည် ။ လိုက်လဲလိုက်ကြပါ၏ ။

ပြောမရတဲ့အဆုံးမှာတော့ Woo Young စိတ်ပေါက်ပေါက်နှင့် လက်ထဲက Script ကို သူကိုယ်တိုင်သာ ဖတ်နေလိုက်တော့သည်။
မင်းသားကို ဖတ်ခိုင်းလို့မရမှတော့ အားယားနေတဲ့သူကပဲ ဖတ်လိုက်ရုံပေါ့ ...

မိနစ်အနည်းငယ်လောက်ကြာပြီးနောက် ရိုက်ကူးရေးစကြတော့သည် ။
အားလုံးကလဲ ကိုယ့်တာဝန်ကိုယ်ကျေပွန်ဖို့အတွက် အသင့်ရှိနေကြ၏ ။

မင်းသား Jeon Jungkook နှင့် မင်းသမီး Choi Min Ah တို့ကလဲ အဆင်သင့်ဖြစ်နေပြီဖြစ်သည် ။

"5,4,3,2,1... Action!"

ဇာတ်လမ်းအတိုင်း ပြောရမယ့် Dialog တွေပြောရင်း သေချာသရုပ်ဆောင်နေကြသည့် Jungkook နှင့် Min Ahကို အားလုံးက ငြိမ်သက်စွာဖြင့် ရိုက်ကူးမှုလုပ်နေကြသည်။
မင်းသားနှင့် မင်းသမီးရဲ့သရုပ်ဆောင်မှုတွေကြားမှာ အားလုံးနစ်မျောနေကြ၏ ။

I Will Make You Mine(Completed)Where stories live. Discover now