Part 10

10.9K 1K 132
                                    

#Unicode

Company ရဲ့ညစာစားပွဲရှိသည်မို့ Jungkook မဖြစ်မနေတတ်ရောက်ရမည်။
မျက်နှာချင်းမဆိုင်ချင်တဲ့အဖေဖြစ်သူကိုလဲ မျက်နှာချင်းဆိုင်ရအုံးမည် ။

"Tae...ဒီည Dinner ကိုလိုက်ခဲ့"

"ဖြစ်ပါ့မလား "

အမှန်အတိုင်းပြောရရင် Taehyung ကြောက်သည် ။ Jungkook ၏အဖေနှင့် တွေ့ဆုံရမည်ကိုလဲ စိုးရိမ်မိပြန်၏ ။
တကယ်ဆိုရင် Jungkook နဲ့သူက ဘယ်လိုမှမအပ်စပ်သည်လေ ။

"စိတ်ချပါ.. မင်းကို ဘယ်သူမှမသိစေရဘူး။ Stylist အနေနဲ့ပဲလိုက်ခဲ့ "

"ဒါပေမဲ့ Jungkook ရဲ့အဖေက.."

Taehyung ဘာတွေစိုးရိမ်နေသည်လဲဆိုတာ Jungkook သိသည် ။
ထို့ကြောင့် Taehyung ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး

"မင်းကို ဘယ်သူမှမထိပါးစေရဘူး ... ကိုယ့်ရဲ့အဖေတောင်မှပေါ့ ။ ကိုယ်ကမင်းကိုကာကွယ်ပေးမယ်"

စကားတစ်ခွန်းပေမယ့် Taehyung ၏ရင်ထဲတွင် သိမ့်ခနဲကြည်နူးကာ နွေးထွေးသွားသလိုခံစားလိုက်ရသည် ။
ယောက်ျားတစ်ယောက်ဖြစ်နေပေမယ့် ထိုယောက်ျား၏ ကာကွယ်ပေးမှုကို သူလိုလားသည် ... လက်ခံချင်သည် ။
ဘာကြောင့်မှန်းမသိပေမယ့် အဲ့ဒီယောက်ျားက Jeon Jungkook ဖြစ်နေလို့ထင်ပါသည်။

-
-
-
-

"မင်းသား... သူဌေးက ခေါ်နေပါတယ်"

အဖေဖြစ်သူကခေါ်နေသည်ဆိုတဲ့စကားကြောင့် Jungkook သက်ပြင်းချလိုက်သည်။
မတွေ့ချင်ပေမယ့် မတွေ့လို့မဖြစ်တဲ့ကိစ္စတွေရှိနေသေးသည်မို့ တွေ့ရပေအုံးမည် ။

"Woo Young... Taeကို စောင့်ရှောက်ထားလိုက်"

Jungkook က Taehyung ကိုစိတ်မချဖြစ်နေသည် ။ အခုလိုနေရာမှာ Taehyung သက်သောင့်သက်သာမဖြစ်ဘူးဆိုတာကိုလဲသိသည် ။

"ခဏလေးပဲနော်... ဖြစ်တယ်မို့လား"

Woo Young ရှိတာတောင် နောက်ဆံတင်းနေတဲ့ Jungkook ကို Taehyung ခေါင်းအသာငြိမ့်ပြကာ

"သွားပါ.. ကျွန်တော်က အဆင်ပြေပါတယ်"

Taehyung ဆီက ခွင့်ပြုချက်ရမှ Jungkook ခေါင်းငြိမ့်ကာ နေရာကနေထွက်လာလိုက်တော့သည် ။

I Will Make You Mine(Completed)Where stories live. Discover now