Part 3

13.1K 1.2K 99
                                    

#Unicode

"လုံးဝ Perfect ပဲ ။ Jungkook oppa က တကယ်တော်လိုက်တာ"

ညီမဖြစ်သူက Jungkook ရဲ့အသစ်ထွက်ရှိထားတဲ့ Drama ကိုကြည့်ပြီး အသည်းအသန်အားပေးနေသည် ။
Taehyung လဲ ဘာမှလုပ်စရာမရှိတာနှင့် ပျင်းနေတာကြောင့် Jiyoon ဘေးမှာဝင်ထိုင်ကာ Drama ဆီအကြည့်ပို့လိုက်သည် ။

"မင်းက ငါ့အပိုင်ပဲမို့ ။ အဲ့တာကြောင့် ငါကမင်းရဲ့ဘေးမှာပဲ တွယ်ကပ်နေတော့မှာ"

Drama ထဲမှာ Jungkook ကမင်းသမီးကို စိုက်ကြည့်ပြီး ပြောတဲ့ Dialog ...
Taehyung အတွေးလွန်ကာ ငြိမ်သက်သွားခဲ့သည် ။
အဲ့ဒီ အသံနှင့် အဲ့ဒီမျက်ဝန်းတွေကို သူ ရင်းနှီးနေသည် ။
တစ်ဆက်တည်းမှာပြန်မြင်ယောင်လာသည်က Mafia ကောင်ရဲ့ " သုံးခါတွေ့ဆုံပြီးရင်မင်းကကိုယ့်အပိုင်ဖြစ်သွားပြီ"ဆိုတဲ့ စကား ။

"မဖြစ်နိုင်တာ..."

Taehyung ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အတွေးတွေကို ခါထုတ်လိုက်သည် ။
Mafia ကောင်ကို ဘာဖြစ်လို့များ Jeon Jungkook နှင့် တူသည်ဟု ခံစားနေမိသည်လဲမသိတော့ပေ ။

"ဘာလို့မဖြစ်နိုင်ရမှာလဲ ။ Jungkook oppa က တကယ်ချစ်တာ .. အဲ့ဒီမင်းသမီးကလဲ ကြွေဆင်းနေပြီးသား ။ ဖြစ်နိုင်ပါတယ်"

သူ့ဟာသူ တစ်ယောက်ထဲ ရေရွတ်သည်ကို ကြားဖြစ်အောင်ကြားသွားတဲ့ အရူးမလေးက စကားပြန်ပြောနေသေးသည် ။
Drama နှင့် ပတ်သက်ပြီး ဆွေးနွေးသည်ဟုထင်သွားပုံပင် ။Taehyung လဲ ပြန်မပြောချင်တော့တာကြောင့် ငြိမ်နေလိုက်သည် ။

"ချစ်တယ်.."

Jungkook ၏ထိုစကားကြောင့် Taehyung ၏မျက်လုံးတွေက ဝိုင်းစက်ကာ ထိတ်လန့်လာသည် ။ ထို့နောက် မျက်လုံးကိုစိုက်ကြည့်ပြီး နမ်းရှိုက်ဖို့အတွက် ငုံ့ဆင်းလာတာကြောင့်

"မဖြစ်ဘူး!! မချစ်ဘူး!!"

ရုတ်တရက်ကြီး အလန့်တကြားထအော်တဲ့ Taehyung ကြောင့် Jiyoonလန့်ကာ လက်ထဲမှာကိုင်ထားသည့် ပေါက်ပေါက်ဘူးပင်လွတ်ကျသွားသည် ။

"Yarr! Oppa! ဘာဖြစ်တာလဲ .. ဘာလို့ ရုတ်တရက်ကြီးထအော်တာလဲ ။ လန့်ပြီးသေတော့မှာပဲ"

Jiyoonက သူမ၏ ရင်ဘက်ကိုဖိကာ Taehyung ကို အော်ဟစ်နေသည် ။
သူမအသည်းတယားယားနှင့် ကြည့်ရမည့် ဇာတ်ဝင်ခန်းကို သူမရဲ့အစ်ကိုကလာပြီး ဖျက်ဆီးပစ်နေသည် ။

I Will Make You Mine(Completed)Where stories live. Discover now