intro

33K 1.4K 254
                                    

#Unicode

"Jeon Jungkook shi...အဲ့ဒီ မေးခွန်းလေးကို ဖြေပေးပါအုံးနော်"

Camera မီးရောင်တွေ တဖျက်ဖျက်တလပ်လပ်ကြားမှာရပ်နေသည့် Jeon Jungkook ၏မျက်နှာက အပြုံးအရယ်ကင်းမဲ့သည်။
ခပ်တည်တည်ဖြင့် မေးခွန်းမေးလာသည့် Media ကိုတစ်ချက်ကြည့်လိုက်ပြီး

"ဒါက ဇာတ်ကားအတွက်လာတာမို့ ဇာတ်ကားနဲ့ ပတ်သက်တာမဟုတ်ရင် မဖြေဘူး"

အမေးခံရသည်က အချစ်ရေးသတင်းမို့ Jungkook ထိုကဲ့သို့ တုံ့ပြန်တာဖြစ်သည်။
Jeon Jungkook အကြောတင်းမှန်းသိနေတာမို့ မေးခွန်းမေးသည့်သူမှာ ချက်ချင်း အသံတိတ်သွားရသည် ။

"ဒီကိုကြည့်ပြီး ပြုံးပြပါအုံး"

"No.."

အပြုံးအရယ် တစ်ချက်တောင်မရှိ ၊ ဘယ် Camera ကိုမှလဲမကြည့်ဘဲ ဇာတ်လမ်းမိတ်ဆက်ပွဲက ပြီးသွားရ၏ ။

Jeon Jungkook ဆိုသည်မှာ အဲ့ဒီလိုမင်းသားမျိုးဖြစ်သည် ။
သူ့စိတ်ထဲရှိတာကိုသာချပြတတ်ပြီး စိတ်မပါရင် ပြုံးခိုင်းလို့တောင်မရတာမျိုး ။
ဟန်ဆောင်မှုကင်းပြီး အရှိကိုအရှိတိုင်း ချပြတတ်သည် ။
ချေမိုးသည်မှာလဲ နှစ်ယောက်မရှိပေ ။

သို့ပေမဲ့ Jeon Jungkook သည် ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး Fan တောင့်သည်။
သူ့ပုံစံကို ချစ်ပြီး သူဘာလုပ်လုပ် လက်ခံပေးနိုင်သည့် Fan တွေများသည် ။
Fan တွေနှင့်အပြိုင် Anti Fan အများဆုံးရှိသည့် မင်းသားလဲဖြစ်သည် ။

**

"အာ.. Oppa .. မိုက်လိုက်တာ ။ ဖြေတာလေးကလဲ ချစ်စရာလေး"

ဘေးကနေ တတွတ်တွတ်နှင့် ပြောပြီး ရူးနေရှာတဲ့ ညီမဖြစ်သူကြောင့် Taehyung နှာခေါင်းရှုံ့လိုက်မိသည် ။
ဖြေတာချစ်စရာလေးဟု သူပြောနေတဲ့မင်းသားမှာ တကယ့်ကို ဘုကလန့်နှင့်ဖြေနေတာဖြစ်သည် ။

"Jiyoon....တစ်နေရာကိုထွက်သွားပေးမလား။ငါအလုပ်လုပ်နေတယ်လေ"

အမှုအကြောင်း သဲလွန်စရှာဖို့ ကြိုးစားနေသည်ကို Jiyoonကြောင့် အာရုံနောက်လာ၍ Taehyung ထပြောလိုက်သည် ။
ထိုအခါ Jiyoonက မဲ့ရွဲ့ပြကာ

"အရည်မရအဖတ်မရနဲ့ လုပ်နေပြီးတော့.. Aigoo..တကယ့်ကို ခေါင်းရှုပ်စရာအစ်ကိုပဲ"

I Will Make You Mine(Completed)Where stories live. Discover now