Part 4

12.1K 1.1K 64
                                    

#Unicode

US လို လိင်တူလက်ထပ်တာကို ခွင့်ပြုပေးသည့် နိုင်ငံမျိုးမှာ ခမ်းခမ်းနားနားနှင့် ကျင်းပလာတဲ့ Jeon Jungkook နှင့် Kim Taehyung ၏ ရုတ်တရက် လက်ထပ်ပွဲ ။

Jungkook ကိုယ်တိုင်က ယောက်ျားလေးတစ်ယောက်ကို လက်ထပ်တာပါဆိုပြီး အားလုံးကို အသိပေးထားတာဖြစ်၏ ။
ဓာတ်ပုံနှင့် Video ရိုက်ကူးခွင့်ကိုတော့ ကန့်သတ်ထားသည် ။
ဒါကလဲ Kim Taehyung အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိမလာစေချင်တာကြောင့်ဖြစ်သည် ။

ရုတ်တရက်ကြီး ဖြစ်ပျက်သွားတဲ့ထိုအဖြစ်အပျက်ကြောင့် Fan တွေသာမက Jungkook ၏အဖေမှာပင် အံ့သြတုန်လှုပ်သွားရသည် ။သားဖြစ်သူက သူ့ကိုဘာတစ်ခုမှပင် အသိမပေးဘဲ ထင်တိုင်းကြဲသွား၏ ။
နိုင်ငံခြားခရီးစဥ်ကို တခြားကိစ္စကြောင့်လို့သာထင်ထားခဲ့သည် ... အခုလို ရုတ်တရက်ကြီး ယောက်ျားတစ်ယောက် ကောက်ယူသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

"CEO...ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ။ Company ရှေ့မှာလဲ Media တွေအုံနေပြီ"

Jungkook ကိစ္စက လွယ်လွယ်နဲ့ ဖြေရှင်းဖို့ပင်ခက်သွားသည် ။ ဟုတ်ပါတယ်ဟု ဝန်ခံလျှင်လဲ Jungkook အတွက်ရော ၊ Company အတွက်ပါ နစ်နာစရာတွေဖြစ်လာနိုင်သည် ။ မဟုတ်ပါဘူးဟု ငြင်းရအောင်လဲ Jungkook က ကိုယ်တိုင်ကိုယ်ကျဝန်ခံထားပြီးသားပင်ဖြစ်နေသည် ။

"Jeon Jungkook နဲ့က ဆက်သွယ်လို့ရလား"

"မရပါဘူး CEO..."

"ဒါဆိုရင် သူ့မန်နေဂျာ Woo Young နဲ့ ရအောင် ဆက်သွယ်လိုက် ။ ပြီးရင် အမြန်ဆုံးပြန်လာခဲ့ဖို့ ပြော ။ အခု Company ဘက်ကနေ ဘာမှ ထုတ်ပြန်ပေးလို့မရဘူး ..."

"ဟုတ်ကဲ့ CEO "

Jeon Jung Han နားထင်ကိုဖိ၍ ဆိုဖာကိုမှီကာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည် ။
သူ့သားက ဂျစ်တိုက်ပြီး ဆိုးသွမ်းတာကို သိပေမယ့် အခုလောက်အထိတော့ မလုပ်လောက်ဘူးဟု ယုံကြည်ထားခဲ့မိသည် ။
အခုတော့ ဘာမှမတိုင်ပင်ဘဲ ရုတ်တရက်ကြီး လုပ်ချင်ရာလုပ်သွားခဲ့၏ ။
Jeon Jungkook ဆိုတာ သာမန်လူတစ်ယောက်ဆိုရင် ကိစ္စမရှိပေမယ့် ထိပ်တန်း မင်းသားတစ်လက်ဖြစ်နေတာမို့ ဒီကိစ္စက တော်ရုံတန်ရုံမဟုတ်တော့ပေ ။
ဝေဖန်မှုတွေများပြီး ဖြေရှင်းရမှာလဲမလွယ်ကူပေ ။

I Will Make You Mine(Completed)Where stories live. Discover now