Part 19

10K 957 56
                                    

#Unicode

Lee Young Jayကို သူလုပ်ခဲ့သည့်နည်းလမ်းအတိုင်း Jungkook ပြန်လုပ်ဖို့စီစဥ်ထား၏။
Min Jihyoကို သူ့အနားသို့ ချဥ်းကပ်စေပြီး ထင်ယောင်ထင်မှားဖြစ်စေမယ့်ပုံတွေ ဖန်တီးခဲ့ပြီးသားပင် ။
ပုံတွေ အများအပြားရရှိခဲ့ပြီး အရင်က Lee Young Jay နှင့် သတင်းထွက်ခဲ့သူက Min Jihyo ပါဆိုပြီး သက်သေပြလို့ရနေပြီဖြစ်သည် ။
သို့ပေမဲ့ အဲ့ဒီလောက်နှင့် Jungkook မကျေနပ်သေးပေ ... Lee Young Jayအား ယခုရောက်နေသည့်နေရာကနေပြီး အနိမ့်ဆုံးရောက်အောင်အထိ ရိုက်ချပစ်ရမှ ကျေနပ်နိုင်မည် ။

လတ်တလောမှာတော့ Lee Young Jayနှင့် သတင်းထွက်ထားသူက Taehyung မဟုတ်ဘူးဆိုတာ သက်သေပြဖို့အတွက် Min Jihyoနှင့်ပုံတွေကိုတင်လိုက်သည် ။
Lee Young Jay ဘယ်လောက်တောင် ဆွေ့ဆွေ့ခုန်နေမလဲဆိုတာကို သူသိပ်ပြီးသိချင်မိပါ၏ ။
.
.
.
.

အမှုတွေတစ်ခုပြီးတစ်ခုလိုက်ရင်းဖြင့် Taehyung အချိန်တွေကုန်ဆုံးနေမိသည် ။ မိသားစုနှင့်တော့ ဖုန်းအဆက်အသွယ်လုပ်ဖြစ်ပါသည် ။ Kim Jiyoonကလဲ Jungkook လာရှာကြောင်းကို ပြောပြသေး၏ ။ Taehyung အမှန်တကယ်ပင် ဝမ်းနည်းမိပါသည် ။ သူအခုလိုလုပ်နေတာက Jungkook အပေါ် နာကျင်စေခဲ့ပြီလား ။
တကယ်ဆိုရင် သူရှောင်ထွက်ခဲ့တာလဲ Jungkook အတွက် စဥ်းစားပြီးတော့ပင်ဖြစ်၏။

"Taehyung oppa"

ထုံးစံအတိုင်း အနားမှာလာကပ်တွယ်မြဲဖြစ်တဲ့ Yoon Mi ရောက်လာသည် ။
Yoon Mi ဆိုတဲ့ကောင်မလေးက နေ့စဉ်မပျက် အနားမှာလာပြီး အဖော်လုပ်ပေး၏။
သူမအပေါ် Taehyung ဘာစိတ်မှမရှိဘဲ ညီမလေးတစ်ယောက်လိုသာမြင်ပါသည် ။
သူမကရိုးသားပြီး ခင်ဖို့ကောင်း၏ ။

"ဘာတွေစဥ်းစားနေတာလဲ ။ oppaကိုကြည့်လိုက်ရင် အမြဲတမ်း ငေးလိုက် ၊ တွေးလိုက်နဲ့ပဲ"

"အာ.. အမှုလိုက်စရာတွေအတွက် ခေါင်းစားနေတာပါ"

"Oppaက အရမ်းတော်တာပဲသိလား ။ Yoon Mi ဖြင့် oppaကို မလေးစားဘဲကိုမနေနိုင်ဘူး။ oppa လိုလူကို ပိုင်ဆိုင်ခွင့်ရတဲ့သူကတော့ အရမ်းကံကောင်းမှာပဲ"

Yoon Mi စကားကြောင့် Taehyung ခပ်သဲ့သဲ့ပြုံးလိုက်သည် ။
ဒါဆိုရင် Jeon Jungkook က ကံထူးရှင်ဖြစ်နေမလားဟုပင် တွေးလိုက်မိသေး၏။
သူလိုလူကို ပိုင်ဆိုင်ခွင့်ရထားတဲ့ Jungkook က တကယ်ပဲ ကံကောင်းတဲ့သူလား ။

I Will Make You Mine(Completed)Where stories live. Discover now