Part 20

10.5K 944 60
                                    

#Unicode

အဖေဖြစ်သူ၏ Companyနှင့် ဆက်လက်ပြီး လက်မတွဲတော့တဲ့ Jungkook က Park Seo Joonတို့လို ထိပ်တန်းမင်းသားတွေသာရှိသည့် Companyကြီး နှင့် လက်တွဲခဲ့သည် ။
Jungkook လို နာမည်ရပြီးသားမင်းသားတစ်လက်ကို လိုချင်ကြသည့် Company တွေမှ ဒုနဲ့ဒေးပါပင် ။

"Jungkook... ကျွန်တော့်အထင်အရ Jungkookက အနုပညာကိုဝါသနာမပါဘူးမို့လားဟင်"

Taehyung မေးခွန်းထုတ်လိုက်မိသည် ။ Jungkook ပုံစံက အနုပညာအပေါ်မှာ ရူးသွပ်မှုရှိမနေဘူးဆိုတာကို သူရိပ်မိပါသည် ။

"ဟုတ်တယ် ။ ကိုယ် မင်းသားမဖြစ်ချင်သလို ဝါသနာလဲမပါခဲ့ဘူး ။ အဖေ့ကို အမြင်ကတ်လို့ မင်းသားလုပ်ခဲ့ရုံပဲ"

"အခု.."

Taehyung ဆက်မေးဖို့အတွက် သင့်တော်ပါ့မလားဟုတွေးမိ၍ ပါးစပ်ပိတ်လိုက်မိသည်။
Jungkook အဖေရဲ့ Company က နာမည်ကျသွားခဲ့ပြီးတာတောင်မှ Jungkook က တခြား Company တစ်ခုနှင့် ဆက်လက်ပြီး လက်တွဲနေသည်ကို သူနားမလည်နိုင်တော့ပေ။ တကယ်ဆိုရင် အခုလိုအခြေအနေမှာ Jungkook နားလိုက်လို့ ရပြီမဟုတ်လား ။

"ကိုယ်ကမကောင်းဘူး Tae ... ကိုယ့်ကိုချစ်ပေးတဲ့သူတွေအတွက် တာဝန်မကျေသလိုခံစားရလို့ ။ ကိုယ် မင်းသားလုပ်ခဲ့တာက အဖေ့ကို အရွဲ့တိုက်ချင်ရုံသက်သက်နဲ့ဆိုပေမယ့် လူတစ်ချို့ကတော့ ကိုယ့်ကို နှလုံးသားတွေ၊ အချိန်တွေ ၊ ငွေတွေ အကုန်ခံပြီး ချစ်ပေးခဲ့ကြတာ ။အဲ့ဒီလိုလူတွေကို မထားခဲ့နိုင်လို့ ဒီအလုပ်ကို ကိုယ်မစွန့်လွှတ်တာ"

Taehyung ပြုံးလိုက်မိသည် ။ အမြဲတမ်းဂျစ်ကန်ကန်နှင့် ထင်ရာစိုင်းတတ်တဲ့ မင်းသားက သူ့Fanတွေကိုတော့ အလေးအနက်ထားရှာပါသည် ။ Fan တွေအတွက်တွေးပေးပြီး သူဝါသနာမပါသည့်အလုပ်ကိုတောင် ဆက်လုပ်သွားမည်တဲ့လေ ။

"Jungkook မှန်ပါတယ် ။ ကျွန်တော်ဆိုရင်လဲ ကျွန်တော့်ကိုချစ်တဲ့သူတွေကို မထားခဲ့နိုင်လောက်ဘူး "

Jungkook ပြုံးသည် ။ ထို့နောက် Taehyung ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး

"ကိုယ်ကလဲမင်းကို သိပ်ချစ်တဲ့ကောင်မို့ မထားခဲ့ပါနဲ့"

Taehyung ပြန်မဖြေမိပေမယ့် နှစ်နှစ်ကာကာပြုံးလိုက်မိသည် ။
ဝန်မခံရဲသေးပေမယ့် သူလဲ မင်းသားကို သိပ်ပြီးချစ်ပါ၏ ။
ဘာတွေပဲကြုံလာပါစေ ထားခဲ့ဖို့အတွက် အစီအစဉ်မရှိတော့ပါ ။
Jungkook လက်ကိုတွဲပြီး အရာအားလုံးကို သူရင်ဆိုင်နိုင်ပါသည် ။

I Will Make You Mine(Completed)Where stories live. Discover now