တီချယ့်ကိုကြူးမယ်😂❤️(Unicode+Zawgyi)

4K 136 4
                                    

တီချယ်ဖတ်ဖို့

      တီချယ်သိလား .... ဝေဆိုတဲ့နာမ်စားလေးကနားထဲကိုယှက်ပြေးသွားတိုင်း နှလုံးသားတွေပါခါရမ်းသွားတာကိုလေ။သိသိမသိသိ ချစ်တာတော့သိရမယ်နော်။တီချယ်ပန်နေကျ သနပ်ခါးပန်းတွေနေ့တိုင်းဆက်တဲ့ ပန်းဆက်သမက သမီးပဲဖြစ်ချင်တယ်။

     တီချယ်သင်တဲ့မြန်မာစာထက် တီချယ်ကပိုစိတ်၀င်စားဖို့ကောင်းတယ်။ရွှေနှင့်ယိုးမှားပန်းစံကားသင်မယ့်အစား သက်ထားရွှေစင် ဝေကိုပင် ကဗျာပြောင်းသင်ပေးလေနော်။ဘယ်သူရေးတာလဲမသိဘူးမဟုတ်လား။အမည်မသိခေတ်စာဆိုတဲ့လေ ဟား ဟား ဟား။

       တီချယ်....ရည်းစားစကားပြောနေတာနော်။သမီးကတီချယ့်ကိုချစ်တယ်။ဒီတော့ တီချယ်ပြန်ချစ်လိုက်။သမီးကဘယ်လောက်ချစ်သင့်တဲ့မိန်းကလေးဆိုတာ တီချယ်သိအောင်ပြောပြရမယ်။

     ဒီမှာ တီချယ် တီချယ်သမီးကိုရရင် တီချယ့်ကိုတစ်နေ့တစ်မျိုးမရိုးရအောင် ဟင်းအစုံချက်ကျွေးမှာနော်။ညကြီးသန်းခေါင်ဗိုက်ဆာရင်တောင် ဘေဘီရေဆို တစ်ချက်ပဲနှိုး။တီချယ့်ရှေ့ စားချင်တာရောက်စေရမယ်။တီချယ်က အိမ်ဦးခန်းမှာအခန့်သားလေးနေ။အိမ်ရှင်မကသမီး တီချယ်ကအိမ်ဦးနတ်။

     တီချယ့်ကို ခုနှစ်ဆောင်တိုက်ခန်းဆိုတာကြီးနဲ့မထားနိုင်ပေမယ့် ခြေရောလက်ရော နုဖက်အုအက်နေအောင် အိမ်မှုကိစ္စအားလုံး သမီးပဲသိမ်းကျုံးလုပ်မယ်နော်။

     ဪ.....လုပ်နိုင်ရဲ့လား မမေးနဲ့။တီချယ့်အတွက်ဆို စူပါမန်းလေ ဟီး။ညောင်းရင်ညာရင် လက်လှလှလေးနဲ့ နှိပ်ပါပေးဦးမှာနော် နိုးနိမာဆတ်။လက်သည်းရှည်နေရင် လက်သည်းလေးတွေကိုတယုတယညှပ်ပေးမယ်။ရောင်စုံကာလာ ဆိုးဆေးလေးတွေလည်းဆိုးပေးမယ်နော်။တီချယ့်အလုပ်က လှလှလေးနေဖို့။

    စီးပွားရေးရော ဘာစဉ်းစားလဲမေးဦးမလား။သိတယ်လေ သိနေတယ်။လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ရှိနေသရွေ့ကတော့ သူများတွေပြောနေတဲ့စကားလို ကန်စွန်းရွက်ရောင်းရ ရောင်းရ ရေ‌သန့်ဗူးကောက်ရ ကောက်ရ ရရာအလုပ်ကိုလုပ်ပြီးရှာကျွေးမယ့်သူပါတီချယ်။အလုပ်လုပ်ရင်းမောလာရင် တီချယ့်မျက်နှာလေးပြေးကြည့် ဟော....ဘယ်‌လောက်အဆင်သင့်လိုက်လဲ။

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now